News

POST TYPE

NEWS

အမြန်လမ်းတွင် KFC ဆိုင်ခွဲ ဖွင့်မည်
ရန်ကုန်၊ နိုဝင်ဘာ ၉

ရန်ကုန်– နေပြည်တော်– မန္တလေး အမြန်လမ်း ၇၆ မိုင်တွင် KFC Myanmar ၏စားသောက်ဆိုင်ခွဲကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း KFC Myanmar က သတင်းထုတ်ပြန်သည်။

၇၆ မိုင်ယာဉ်ရပ်နားစခန်းတွင် ဖွင့်လှစ်မည့် ဆိုင်ခွဲသည် KFC Myanmar ၏ ၁၇ ဆိုင်မြောက် ဆိုင်ခွဲဖြစ်ပြီး KFC က မြန်မာနိုင်ငံတွင်း ဆိုင်ခွဲများပိုမိုတိုးချဲ့ရန် စီစဉ်ထားသည့် စီမံကိန်း၏ တစ်စိတ်တစ်ဒေသလည်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

76 Miles Rest Camp သည် ရန်ကုန်– နေပြည်တော်– မန္တလေး အမြန်လမ်းပေါ်တွင် အသစ်ဖွင့်လှစ်သည့် ယာဉ်ရပ်နားစခန်းလည်းဖြစ်သည်။