News

POST TYPE

NEWS

တောင်ကြီး မြို့လယ်ကောင်တွင် ရွှေဆိုင် အနုကြမ်းစီးခံရ
26-Oct-2017 tagged as ရွှေ တောင်ကြီး

ရန်ကုန်၊ အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မ ရဲစခန်းနှင့် သုံးဖာလုံခန့်သာ ကွာဝေးသည့် ကန်ရှေ့ရပ်ကွက်၊ ရေထွက်ဦးလမ်းတွင် ယနေ့ (အောက်တိုဘာလ ၂၆ ရက်) မွန်းလွဲ ၁၂ နာရီခွဲက လုံဝမ်ရွှေဆိုင်ထဲ အမျိုးသားတစ်ဦးက သေနတ်အတုဖြင့် အနုကြမ်း ဝင်စီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“သေနတ်ထုတ်ပြပြီး အနုကြမ်းစီးတဲ့သူကို ရွှေဆိုင်ပိုင်ရှင်က ဝင်လုံးဖမ်းတော့ သူက အလွတ်ရုန်း ထွက်ပြေးသွားတယ်။ ဆိုင်ရှေ့မှာ ရပ်ထားတဲ့ သူ့ဆိုင်ကယ်နဲ့ ကလေးကစားစရာ အစိမ်းရောင် သေနတ်တစ်လက် ကျန်ခဲ့တယ်။”ဟု ရဲအရာရှိက ရှင်းပြသည်။

ရွှေဆိုင်ရှေ့ ကျန်ခဲ့သည့် ဆိုင်ကယ်ကို တောင်ကြီးမြို့ရှိ ဆိုင်ကယ် အရောင်းစင်တာများထံ ရဲတပ်ဖွဲ့က ချိတ်ဆက်မေးမြန်းရာ ယင်းဆိုင်ကယ်ကို ဝယ်ယူထားသူမှာ ဈေးပိုင်းရပ်ကွက်၊ အနောက်မြို့ပတ်လမ်းတွင် နေထိုင်သူ ခွန်ရန်းထိုဖြစ်ကြောင်း သိရှိရပြီးနောက် ဆက်လက် စုံစမ်းရှာဖွေခဲ့ရာ City Square အဆောက်အအုံ အောက်ဆုံးထပ်ရှိ ဆောက်လုပ်ရေးပစ္စည်းများ သိုလှောင်ထားသည့် မလွယ်ပေါက်ထဲတွင် ပုန်းခိုနေသော ၎င်းကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့သည်။

S-03