News

POST TYPE

NEWS

သေနတ်ပစ်ခံရ၍ ဒိုင်းနက်တိုင်းရင်းသား နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ
ရန်ကုန်၊ အောက်တိုဘာ ၂၃

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ် အောင်သပြေကျေးရွာမှ ဒိုင်းနက်တိုင်းရင်းသား လေးဦး တောဝတ်လိုက်ရာမှ သေနတ်နှင့်ပစ်ခတ်ခံရပြီး နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှသိရသည်။

မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဒိုင်းနက်ကျေးရွာသား လေးဦး၊ တောဝတ်လိုက်ရာမှ ပစ်ခတ်ခံရကြောင်း၊ သို့သော် မည်သည့်အဖွဲ့က ပစ်သည်ကိုမသိရသေးဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ နယ်ကျော်သွား၍သော်လည်းကောင်း၊ ARSA အကြမ်းဖက်အဖွဲ့၏ ပစ်ခတ်မှုကြောင့်သော်လည်းကောင်း ဖြစ်နိုင်ကြောင်း The Voice သို့ အတည်ပြုပြောသည်။

“ဟုတ်တာက ဟုတ်တယ်။ အပြန်အလှန် ပစ်ခတ်တာ မဟုတ်ဘူး။ တိုင်းရင်းသားတွေက တောဝတ်လိုက်တာ။ တောဝက်လိုက်ရင်းနဲ့ အပစ်ခံရတာ။ အပစ်ခံရသူတွေကတော့ ARSA အကြမ်းဖက်အဖွဲ့က ပစ်တာလို့ ပြောတယ်”ဟု ဦးမြင့်ခိုင်က ပြောသည်။

ထိုကဲ့သို့ ဒိုင်းနက်တိုင်းရင်းသားများ တိုက်ခိုက်ခံရမှုကို အသေးစိတ် ထုတ်ဖော်ပြောကြားနိုင်ရန် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များက အသေးစိတ် လေ့လာမှု ပြုလုပ်နေကြောင်း မောင်တောမြို့နယ် ရဲအရာရှိတစ်ဦးက အတည်ပြု ပြောဆိုသည်။

J-07