News

POST TYPE

NEWS

ဘင်္ဂါလီများကို ၁၉၈၂ နိုင်ငံသား ဥပဒေနှင့်အညီ စိစစ်ပေးရန် ယနေ့ ဆန္ဒပြတောင်းဆိုမည်
ရန်ကုန်၊ အောက်တိုဘာ ၂၁

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို ၁၉၈၂ နိုင်ငံသား ဥပဒေနှင့်အညီ အမြန်ဆုံး စိစစ်ဆောင်ရွက်ပေးရန် ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် ရခိုင်အရပ်ဘက်အဖွဲ့များသည် ယနေ့၌ ရခိုင်ပြည်နယ်ရှိ မြို့ကြီးများတွင် တစ်ပြိုင်နက် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အရပ်ဘက်အဖွဲ့များထံမှ သိရသည်။

ယင်းဆန္ဒထုတ်ဖော်မှုကို ရခိုင်ပြည်နယ်ရှိ မြို့အများစု၌ အောက်တိုဘာလ ၂၂  ရက် နံနက် ၁၀ နာရီအချိန်၌ တစ်ချိန်တည်း ပြုလုပ်ရန်စီစဉ်ထားကြောင်း အနောက်တံခါးဒေသ ကူညီစောင့်ရှောက်မှုအဖွဲ့မှ အဖွဲ့ဝင် ဦးအောင်ဌေးက The Voice သို့ ပြောကြားသည်။ 

“ရခိုင်ပြည်နယ်ရှိ မြို့ကြီးများမှာ တစ်ပြိုင်နက် ဆန္ဒထုတ်ဖော်ဖို့ စီစဉ်ထားတယ်။ ဘင်္ဂါလီများကို ၁၉၈၂ နိုင်ငံသား ဥပဒေအရ စီစစ်ပေးဖို့ တောင်းဆိုမယ်။ ဆန္ဒထုတ်ဖော်ပွဲကို ပြည်ခိုင်ဖြိုးပါတီနဲ့ ရခိုင်ပြည်နယ် အခြေစိုက် နိုင်ငံရေး ပါတီဝင်တွေ ပါဝင်သွားမှာပါ”ဟု ဦးအောင်ဌေးက ဆိုသည်။

ဆန္ဒထုတ်ဖော်သော ရခိုင်ပြည်သူများက မြန်မာနိုင်ငံ အစိုးရအား လူမျိုးတုန်း သတ်ဖြတ်နေသည်ဟု ကမ္ဘာ့နိုင်ငံအချို့က စွပ်စွဲပြောဆိုနေခြင်းကို ကန့်ကွက်ရန်၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားခြင်းနှင့် နယ်မြေသိမ်းတိုက်ပွဲ ပြုလုပ်သော ဘင်္ဂါလီ အကြမ်းဖက်များအား လုံးဝ လက်မခံ၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့် လက်ရှိဘင်္ဂါလီများကို အမြန်ဆုံး စိစစ်ဆောင်ရွက်ပေးရန်၊ ARSA အကြမ်းဖက်အဖွဲ့အစား ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့ဟု မြန်မာနိုင်ငံအစိုးရက ခေါ်ဝေါ်သုံးစွဲရန် စသည့်အချက်များကို တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းဆန္ဒထုတ်ဖော်မှုကို ဘူးသီးတောင်၊ မောင်တောမြို့နယ်များ၌ လုံးခြုံရေးအရ ဆောင်ရွက်ခြင်း မပြုဘဲ အခြားသော ရခိုင်ပြည်နယ်ရှိ မြို့ကြီးများတွင် တစ်ပြိုင်နက် ဆန္ဒထုတ်ဖော်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ကိုဌေးအောင်က ဆိုသည်။                                      

J-07