News

POST TYPE

NEWS

လားရှိုး- မူဆယ်ပြည်ထောင်စုလမ်းတွင် မော်တော်ယာဉ်များ ပိတ်မိ
21-Oct-2017 tagged as ရှမ်းပြည်


ကွတ်ခိုင်၊ အောက်တိုဘာ၂၁

မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းပိုင်းတွင် ရွှံ့များထူထပ်ပြီး လမ်းပျက်စီးရာမှ ကုန်တင်ယာဉ်ကြီးများ နွံနစ်ကာ ခရီးသည်တင်ယာဉ်များ အပါအဝင် မော်တော်ယာဉ် အများအပြား ဆက်လက်သွား၍ မရဘဲ ပိတ်မိနေကြောင်း ယာဉ်မောင်းများထံမှ စုံစမ်းသိရှိရသည်။

“ရန်ကုန်ကလာတာ ကွတ်ခိုင်မှာ မနက်မိုးမလင်းခင်ကတည်းက ရောက်နေတာ။ အခုထိ မသွားရသေးဘူး။ ပင်ပန်းနေပြီ ပုံမှန်အတိုင်း မနက် ၈ နာရီဆိုရင် မူဆယ် ရောက်တယ်”ဟု မြတ်မန္တလာထွန်း မှန်လုံယာဉ်ဖြင့် လိုက်ပါလာသည့် ခရီးသည် စိုင်းထွေးက ပြောဆိုသည်။

ပြည်ထောင်စုလမ်းပိုင်း ကွတ်ခိုင်နှင့် နမ့်ဖတ်ကာကြား ရှုခင်းသာတောင်ကြောပေါ်တွင် အောက်တိုဘာလ ၂၀ ရက် ည ၁၀ နာရီခန့်က ကုန်တင်ယာဉ်တစ်စီး ရွှံ့နစ်ရာမှစကာ ပိတ်ဆို့ခြင်းဖြစ်သည်။

ယနေ့(အောက်တိုဘာလ ၂၁ ရက်) မွန်းတည့် ၁၂ နာရီခန့်အထိ ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များ သွားလာနိုင်ခြင်း မရှိဘဲ ပိတ်နေသေးကြောင်း ယင်းနေရာ ရောက်ရှိနေသည့် ခရီးသည်များနှင့် ဒေသခံများထံမှ သိရှိရသည်။

R-07