News

POST TYPE

NEWS

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မှ ဧည့်သည်များ၏ ဆုံးရှုံးမှု ထူးကုမ္ပဏီတာဝန်ယူမည်ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၁၉

မီးလောင်မှုကြောင့် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မှ ဧည့်သည်များ၏ နစ်နာဆုံးရှုံးမှုများအပေါ် ကျေနပ်သည်အထိ ထူး ကုမ္ပဏီဘက်က တာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယနေ့(အောက်တိုဘာလ ၁၉ ရက်က) ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထူး ကုမ္ပဏီဥက္ကဋ္ဌရုံးတာဝန်ခံ ဦးဌေးလွင်က ပြောကြားသည်။

ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်မှာ လွန်ခဲ့သည့် ၁၂ နှစ်ခန့်က ထိုင်းနိုင်ငံ Baiyoke ကုမ္ပဏီထံမှ ဦးတေဇက တရားဝင် လွှဲပြောင်း ဝယ်ယူခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

ဟိုတယ် မီးလောင်မှုကြောင့် နိုင်ငံခြားသား အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး နိုင်ငံခြားသူတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်။

S-03