News

POST TYPE

NEWS

စပါးအိတ်များဖြင့်ညှပ်၍ သယ်ဆောင်လာသည့် ဘင်္ဂါလီ ၇ ဦး ဖမ်းမိ

ကြံခင်း၊ အောက်တိုဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ကြံခင်းမြို့ တောင်အုတ်ပုံ စစ်ဆေးရေးဂိတ်တွင် အောက်တိုဘာလ ၁၈ ရက်နေ့ ည ၇ နာရီက စပါးအိတ်များဖြင့်ညှပ်၍ သယ်ဆောင်လာသည့် ဘင်္ဂါလီ ၇ ဦးဖမ်းမိခဲ့ကြောင်း ကြံခင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

တောင်အုတ်ပုံ စစ်ဆေးရေးဂိတ်၌ ဟင်္သာတခရိုင် ရဲတပ်ဖွဲ့မှူး ကြံခင်းမြို့နယ် ရဲတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့များက ပြည်ဘက်မှ မောင်းနှင်လာသည့် Nissan အဝါရောင် ၆ ဘီးယာဉ်ကို ရပ်တန့်စစ်ဆေးရာ စပါးအိတ်များဖြင့် ညှပ်ထည့်လာသည့် ဘင်္ဂါလီလူမျိုး ၇ ဦးကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် မြို့မအမှတ် ၈ ရပ်ကွက် ၃ လမ်းနေ အသက် ၅၀ နှစ်အရွယ် ဦးလှမြင့်က ဘင်္ဂါလီလူမျိုး ၇ ဦးကို စပါးအိတ် ၂၆၀ ကြားတွင် ညှပ်၍ စစ်တွေ -မင်းပြား- အမ်း -ပဒါန်း ဥသျှစ်ပင်မှတစ်ဆင့် သယ်ဆောင်လာခြင်းဖြစ်ပြီး အသေးစိတ်ကို စစ်ဆေးဆဲဖြစ်ကြောင်း ကြံခင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

R-13