News

POST TYPE

NEWS

ရွှေတိဂုံတွင် ဈေးမရောင်းရန် တားခံရသည့် မွတ်ဆလင် ငုံးဥသည်ကို NLD အမျိုးသမီးကော်မတီ ၇ သိန်း ထောက်ပံ့
13-Oct-2017 tagged as ရန်ကုန် NLD

ရန်ကုန် ၊ အောက်တိုဘာ ၁၂

သီတင်းကျွတ်လပြည့်နေ့က ရွှေတိဂုံဘုရားတွင် ငုံးဥပြုတ်လာရောင်းစဉ် တားမြစ်ခံရသည့် မွတ်ဆလင်တစ်ဦးဖြစ်သူ ဦးအောင်သန်းကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုကော်မတီဝင်များနှင့် အမျိုးသမီး ကော်မတီ တာဝန်ရှိသူများက တွေ့ဆုံခဲ့ကာ အလှူငွေ ကျပ် ၇သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။

ငုံးဥပြုတ်ရောင်းသူ ဦးအောင်သန်းကို အောက်တိုဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးသို့ ခေါ်ဆောင်ကာ ပါတီဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်နှင့် NLD အမျိုးသမီး ကော်မတီဥက္ကဋ္ဌ ဒေါက်တာ မေဝင်းမြင့်တို့က တွေ့ဆုံကာ ထောက်ပံ့ငွေ ၇ သိန်း လှူဒါန်းခဲ့ခြင်းဖြစ်သည်။

အမျိုးသမီး ကော်မတီအနေနှင့် ဦးအောင်သန်း၏ ကိစ္စကိုကြားသိရာတွင် ၎င်းသည် ရင်ကျပ်ရောဂါသည်ဖြစ်သည့်အတွက် ဆေးကုသမှုစရိတ်ရရှိရန် ယခုကဲ့သို့ ထောက်ပံ့ကူညီရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ဒီချုပ်အမျိုးသမီး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်က ပြောသည်။

“အန်တီတို့ ဒီလိုလှူဒါန်းတာက တခြား ရည်ရွယ်ချက်ကတော့ မရှိပါဘူး။ သူက ရင်ကျပ်ရောဂါသည်ဆိုတော့ အန်တီလည်း ဆရာဝန်ဖြစ်တော့ ဒီရောဂါအကြောင်းကို သိတယ်။ ဒါက တောက်လျှောက်ဖြစ်တာ အမြစ်ပြတ်သွားတာမျိုး မရှိဘူး။ ငွေရေး ကြေးရေး လိုအပ်မှာမို့ အခုလို ထောက်ပံ့ရတာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသမီး ကော်မတီအနေနှင့် လူထုအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရန် ပြီးခဲ့သည့်လအတွင်းက စတင်ဖွဲ့စည်းခဲ့ပြီး ပထမဆုံးအနေနှင့် ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများသို့ သွားရောက် ထောက်ပံ့ခဲ့ပြီး ယခုသည် ဒုတိယအကြိမ် ထောက်ပံ့ခြင်းလည်းဖြစ်သည်။

ယင်းသို့ လှူဒါန်းခြင်းနှင့်ပတ်သက်၍ ဦးအောင်သန်းက အဖွဲ့ချုပ်နှင့် တာဝန်ရှိသူများကို ကျေးဇူးတင်ကြောင်း၊ ၎င်းအနေနှင့် မည်သည့်အရာကိုမှ မျှော်မှန်းပြီး ဆောင်ရွက်ခဲ့ခြင်း မဟုတ်ဘဲ ဆေးဖိုးရရှိရန် ငုံးဥပြုတ်ရောင်းကာ အသက်မွေးဝမ်းကျောင်းပြုနေရပြီး နောက်ပိုင်းတွင် ကျန်းမာရေး အခြေအနေကြောင့် အရုပ် ရောင်းသည့်အလုပ်ကို လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အခုလိုလှူဒါန်းပေးတာ ကျေးဇူးလည်း တင်ပါတယ်။ ကျွန်တော့်အနေနဲ့ အကူငွေရဖို့လည်း မျှော်လင့်ချက် မရှိပါဘူး။ တိုက်ဆိုင်ပြီးတော့ ဖြစ်သွားတာပါ။ ထမင်းစားဖို့နဲ့ ဆေးဖိုးပဲ ရှာတာပါ။ ကျန်တာ ဘာမှတော့ နားမလည်ပါဘူး။ အခုလို ကူညီပေးတာ ကျေးဇူးတင်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့က ဦးအောင်သန်းသည် ရွှေတိဂုံဘုရားတွင် ငုံးဥပြုတ်များ ရောင်းချနေစဉ် ညနေ ၃ နာရီခန့်တွင် သံဃာအချို့က သာသနာ့နယ်မြေတွင် ဈေးမရောင်းရန်နှင့် ဆက်လက် ရောင်းချပါက သက်ဆိုင်ရာရဲတပ်ဖွဲ့သို့ တိုင်ကြားမည်ဟု ပြောဆိုခဲ့ပြီး ၎င်းက တောင်းပန်ကာ ယင်းနေရာမှ ထွက်ခွာခဲ့ကြောင်း ဦးအောင်သန်းက ရှင်းပြသည်။

ယင်းသို့ သံဃာတော်အချို့က ဈေးမရောင်းရန် တားမြစ်ခဲ့သည့် Post သည် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့ခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်၊ ပရဟိတအဖွဲ့အချို့နှင့် စေတနာရှင်များက ဦးအောင်သန်း၏ နေအိမ်သို့ သွားရောက်ကာ အလှူငွေများ ပေးအပ်ခဲ့ကြသည်။

ဦးအောင်သန်းသည် သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ဘူတာလမ်း ပဲကြော်လမ်း ရပ်ကွက်တွင် နေထိုင်ပြီး NLD အမျိုးသမီး ကော်မတီက ထောက်ပံ့ငွေ အပါအဝင် အခြားသော စေတနာရှင်များ၏ ထောက်ပံ့ငွေ ကျပ် ၁၅ သိန်းခန့် ရရှိထားပြီးဖြစ်ကြောင်း ဦးအောင်သန်းက 

J-09