News

POST TYPE

NEWS

ကျိုက်ထီးရိုးတောင်ပေါ်တွင် စကားများ ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်
13-Oct-2017 tagged as မော်လမြိုင်

မော်လမြိုင်၊ အောက်တိုဘာ ၁၂

မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်အနီး နေထိုင်သူ နှစ်ဦး စကားများ ရန်ဖြစ်ရာမှ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဘုရားရင်ပြင်တော် ရဲကင်းမှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁ နာရီကျော်အချိန်တွင် ဘုရားရင်ပြင်တော်အနီး မြသပိတ်ဘုရားလမ်းနေ အသက် ၂၂ နှစ်အရွယ် အမျိုးသားနှင့် တစ်လမ်းတည်းနေ အသက် ၄၀ နှစ်အရွယ် အမျိုးသားတို့ စကားများ ရန်ဖြစ်ကြရာမှ သေဆုံးသည်အထိ ဖြစ်ခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားမှုကြောင့် အသက် ၂၂ နှစ်အရွယ် အမျိုးသားမှာ သေဆုံးခဲ့ပြီး အသက် ၄၀ အရွယ် အမျိုးသားတွင် ဓားဒဏ်ရာ အနည်းငယ် ရခဲ့ကြောင်း ဘုရား ရင်ပြင်တော် ရဲကင်းစခန်းမှူး ရဲအုပ် ဇော်မင်းဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူအား ကင်မွန်းချောင်းနယ်မြေ ရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု ဘုရားရင်ပြင်တော် ရဲကင်းစခန်းမှ သိရသည်။

Dawei Watch