News

POST TYPE

NEWS

ကိုးလအတွင်း ရွှေတိဂုံဘုရား ဧည့်ဝင်ကြေး ကျပ်သိန်းသုံးသောင်းကျော်ရရှိ
12-Oct-2017 tagged as ရွှေတိဂုံ


ရန်ကုန်၊ အောက်တိုဘာ ၁၂

ရွှေတိဂုံစေတီတော်သို့ လာရောက်လေ့လာသည့် ပြည်ပ ဧည့်သည်များထံမှ ဧည့်ဝင်ကြေး ကျပ်သိန်း သုံးသောင်းကျော် ရရှိခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဂေါပက အဖွဲ့ထံမှ သိသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ နိုင်ငံခြားသား ခရီးသွား လေးသိန်းလေးသောင်းငါးထောင်ကျော်ထံမှ ဧည့်ဝင်ကြေး ကျပ်သိန်း သုံးသောင်းငါး ထောင့်ခြောက်ရာကျော် ရရှိခဲ့ခြင်းဖြစ်သည်။

ရွှေတိဂုံစေတီသို့ ၂၀၁၆ ခုနှစ် တစ်နှစ်တာကာလအတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် လေးသိန်းတစ်သောင်းကျော်သာ ဝင်ရောက်ခဲ့ပြီး ယခုနှစ် ကိုးလအတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် လေးသိန်းလေးသောင်းကျော် ဝင်ရောက်ခဲ့သောကြောင့် ယခင်နှစ်ကထက် ခရီးသွားဧည့်သည် ပိုမို ဝင်ရောက်လာကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရွှေတိဂုံစေတီတော်သို့ ယခုနှစ်တွင် လာရောက်ကြသည့် နိုင်ငံခြားသား ဧည့်သည်များတွင် ထိုင်းလူမျိုး ကိုးသောင်းသုံးထောင်ကျော် လာရောက်ခဲ့ပြီး ဒုတိယ အများဆုံးအဖြစ် တရုတ်နိုင်ငံမှ လူဦးရေ သုံးသောင်းခုနစ်ထောင်ကျော် ဝင်ရောက်ခဲ့ကြောင်း ဂေါပကအဖွဲ့ စာရင်းအရ သိရသည်။

၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်ကစ၍ နိုင်ငံခြားသား တစ်ဦးလျှင် ဧည့်ဝင်ကြေး မြန်မာငွေ ရှစ်ထောင်ကျပ် ကောက်ခံခဲ့ပြီး ယခုနှစ်တွင် ရွှေတိဂုံစေတီတော်သို့ ထိုင်း၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ဂျာမနီ၊ အမေရိကန် လူမျိုးများ တက်ရောက်ခဲ့ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။

J-10