News

POST TYPE

NEWS

နန်းယွန်းရှိ ကျေးရွာစာသင်ကျောင်း ဆရာမရှိ၍ နှစ်လကြာပိတ်
မြစ်ကြီးနား၊ အောက်တိုဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် နန်းယွန်းမြို့နယ်မှ ကျေးရွာအများစုရှိ စာသင်ကျောင်းများတွင် သင်ကြားရေး ဆရာ၊ ဆရာမများ လုံလောက်မှုမရှိသည့်အတွက် စာသင်ကျောင်း တစ်ကျောင်းမှာ နှစ်လကြာ ပိတ်ထားရကြောင်း နန်းယွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောကြားသည်။

နန်းယွန်းမြို့နယ်ရှိ ယန်နောနုတ်ညိုကျေးရွာ မူလတန်းကျောင်းသည် ဆရာ၊ ဆရာမ မရှိသည့်အတွက် နှစ်လကြာ ကျောင်းပိတ်ထားရပြီး ယင်းမြို့နယ်တွင် ကျေးရွာပေါင်း ၁၁၀ ရှိသည့်အနက် ကျေးရွာအများစုရှိ မူလတန်းကျောင်းများတွင် ဆရာ၊ ဆရာမ အင်အားလုံလောက်မှု မရှိသည့်အတွက် အခက်အခဲဖြစ်နေကြောင်း ၎င်းက ပြောဆိုသည်။

“ဆရာ၊ ဆရာမတွေ တစ်ယောက်ပဲရှိတဲ့ ကျောင်းက များတယ်။ အဲဒါကြောင့် ကျောင်းက ဖွင့်တယ်။ စာမသင်ပေးနိုင်ဘူး။ သူက အတန်းက လေးငါးတန်းရှိတဲ့ဟာကို တစ်ယောက်တည်းနဲ့က ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ”ဟု ၎င်းက ဆိုသည်။

ယင်းသို့ ဆရာအင်အား မလုံလောက်မှုနှင့် ပတ်သက်၍ မြို့နယ် ပညာရေးမှူးရုံးသို့ သွားရောက် ညှိနှိုင်းသော်လည်း စီစဉ်နေသည်ဟုသိရပြီး ထူးခြားမှု မရှိကြောင်း ဦးစိမ်းမောင်က ပြောကြားသည်။ 

“အခုဆို ဆရာတွေ မရှိတော့ ကလေးတွေက ကျောင်းလည်း သွားဖို့ပျင်းနေပြီ။ စာမေးပွဲတော့ အောင်ပေးလို့ ရတာပေါ့။ ဒါပေမဲ့ စာတတ်မြောက်မှုမှာ အားနည်းတယ်”ဟု နန်းယွန်းမြို့နယ် ဟစိတ်တောညို ကျေးရွာနေသူ ကျောင်းသားမိဘ တစ်ဦးက ဆိုသည်။

R-06