News

POST TYPE

NEWS

ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး အသစ်ခန့်အပ်
01-Oct-2017 tagged as ရဲ အင်းစိန်

ရန်ကုန်၊ အောက်တိုဘာ ၁ ရက်

အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲမှူးသက်ထွန်းမှာ ဒုတိယရဲမှူးကြီးအဆင့် ရာထူးတိုးမြှင့်ခံရပြီး မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးအဖြစ် တာဝန်ပေးအပ်ခံရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယခင် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ယုနိုင်မှာ တိုင်းအကူ ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့တာဝန်ပေးအပ်ပြီးနောက် လစ်လပ်သွားသည့် ယင်းနေရာတွင် ဒုတိယ ရဲမှူးကြီး သက်ထွန်းကို အစားထိုး ခန့်အပ်လိုက်ခြင်းဖြစ်သည်။

ဒုတိယရဲမှူးကြီး သက်ထွန်းမှာ ယခင် သင်္ဃန်းကျွန်းမြို့နယ်ရဲမှူး၊ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ ဒုတိယ တပ်ဖွဲ့မှူးတို့အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လက်ရှိတွင် မှုခင်း အများဆုံး ဖြစ်ပွားနေသော လှိုင်သာယာ၊ အင်းစိန်မြို့နယ် အပါအဝင် မြို့နယ် ၈ ခုပါဝင်သည့် မြောက်ပိုင်းခရိုင်တွင် ခရိုင်တပ်ဖွဲ့မှူးအဖြစ် ပြောင်းရွှေ့ တာဝန်ပေးအပ်ခံရခြင်းဖြစ်သည်။

၅၃ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအုပ်အဆင့် နှင့်အထက် တပ်ဖွဲ့ဝင် ၂၆ ဦးကို ရာထူးတိုးမြှင့်ပေးအပ်ခဲ့ရာတွင် ရဲမှူးမှ ဒုတိယရဲမှူးကြီးအဖြစ် ရာထူးတိုးမြှင့်ခံရသူ နှစ်ဦးတွင် မင်္ဂလာတောင်ညွန့်မြို့နယ်ရဲမှူး ခင်မောင်ထွေး ပါဝင်ခဲ့သည်။

S-03