News

POST TYPE

NEWS

ရွှေဗဟိုဈေးကွက် ၂ နှစ်အတွင်း အကောင်အထည်ဖော်ရန် လုပ်ဆောင်
28-Sep-2017 tagged as ရွှေ

ရန်ကုန်၊ စက်တင်ဘာ ၂၇

မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာအဆင့်မီ ရွှေဗဟိုဈေးကွက်ကို တစ်နှစ်မှ ၂ နှစ်အတွင်း အကောင်အထည်ဖော်နိုင်ရန် လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါက်တာရဲသူအောင်က ပြောကြားသည်။

လက်ရှိအချိန်တွင် အဆိုပါဈေးကွက် ထူထောင်နိုင်ရန်အတွက် ဥပဒေရေးရာကော်မတီ၊ ကုန်ပစ္စည်းအရည်အသွေးနှင့် ပတ်သက်သည့်ကော်မတီများ ဖွဲ့စည်းထားကာ အဆင့်ဆင့် လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။ 

“ဒီဈေးကွက် အကောင်အထည်ဖော်ဖို့အတွက် အခုဆိုရင် အစိုးရဘက်ကလည်း လိုလိုလားလားရှိတယ်။ ဒီဈေးကွက် ပြည်တွင်းအတွက်ပဲ အရင်စမယ်။ ရွှေကို အရောင်းအဝယ် စလုပ်သွားမယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါဈေးကွက်တွင် ရောင်းသူနှင့် ဝယ်သူ တိုက်ရိုက်တွေ့ဆုံနိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ရွှေအပြင် ကျောက်မျက်ရတနာများကိုပါ အရောင်းအဝယ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ယင်းဈေးကွက် အကောင်အထည်ဖော်ဆောင်နိုင်ရန်နှင့် ပတ်သက်ပြီး စက်တင်ဘာ ၂၆ ရက်နေ့က ရန်ကုန်မြို့ Summit Parkview ဟိုတယ်တွင် ရှန်ဟိုင်း ရွှေအိတ်ချိန်းမှ တာဝန်ရှိသူများ၊ ဟောင်ကောင် မြန်မာ ကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းနှင့် မြန်မာရွှေကျောက်မျက်သတ္တု ဗဟိုဈေးကွက်ဖြစ် မြောက်ရေးကော်မတီမှ တာဝန်ရှိသူများက နိုင်ငံတကာအဆင့်မီ ရွှေ၊ ရွှေဖြင့်ပြုလုပ်ထားသော လက်ဝတ်ရတနာနှင့် ပစ္စည်း၊ ကျောက်မျက်ရတနာ အချောထည်များနှင့် မြန်မာ့တွင်းထွက်သတ္တု သယံဇာတများ ရောင်းဝယ်ရေး ဗဟိုဈေးကွက် အကောင်အထည်ဖော်ဆောင်မှု အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

J-01