News

POST TYPE

NEWS

ဗြိတိန်ရဲ့ အသက်အကြီးဆုံး ဆိုင်ကယ်စီးရိုက်ဒါကြီး အသက် ၁၀၁ နှစ်ပြည့်ပြီ
27-Sep-2017

ဗြိတိန်ရဲ့ အသက်အကြီးဆုံး ဆိုက်ကယ်စီးရိုက်ဒါကြီးလို့ ယူဆရတဲ့ ဘဘကြီးဟာ ခုဆိုရင် အသက် ၁၀၁ နှစ် ဖြစ်သွားခဲ့ပါပြီ။ ဒါပေမဲ့ အနီးအနားလမ်းတွေပေါ်မှာ ဆိုင်ကယ်သံ တညံညံနဲ့ ပွဲခံစီးနင်းနေတုန်းပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀ လောက်ကတည်းက ဆိုင်ကယ်ကို စီးလာခဲ့တဲ့ ဘဘကြီး အမည်ကတော့ ဂျက်ခ်စတဲစ် ဖြစ်ပါသတဲ့။ သူ့မှာ ဆိုင်ကယ် အမျိုးအစားပေါင်းစုံရှိပြီး မော်တော်ဆိုင်ကယ်စီး လိုင်စင်ကိုလည်း ၁၀ ကြိမ်တိုင်တိုင် သက်တမ်း တိုးခဲ့ရတယ်လို့ ဆိုထားပါတယ်။ ကျွန်တော် အသက် ၇ နှစ်မှာ အဖေက ဆိုင်ကယ် ဝယ်ပေးခဲ့ပါတယ်။ တစ်ချိန်လုံး စီးနေတော့တာပါ။ ကျောင်းကို ဆိုင်ကယ်နဲ့လာတာ ကျွန်တော်တစ်ယောက်တည်းရှိတယ်လို့ ဘကြီး ဂျက်ခ်က ပြောကြားခဲ့ပါတယ်။ သူ့ရဲ့အသက် ၁၀၁ နှစ်ပြည့်မွေးနေ့မှာ ဆိုင်ကယ်စီး စွမ်းရည်ကို ဗြိတိန်ရုပ်သံ အစီအစဉ်တစ်ခုအတွက် ပြခဲ့ပါသေးတယ်။

F-02

  • VIA