News

POST TYPE

NEWS

မက်သဒုန်း ဆေးရည် စက်မှုဝန်ကြီးဌာန ထုတ်လုပ်မည်
24-Sep-2017 tagged as ကျန်မာရေး

နေပြည်တော်၊ စက်တင်ဘာ၂၃

မူးယစ်ဆေးဝါး သုံးစွဲသူများကို ဆေးဖြတ်ရာတွင်သုံးသော မက်သဒုန်းဆေးရည်ကို ထုတ်လုပ်ပေးရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အမှာစာ ပေးပို့ထားကြောင်း စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက မက်သဒုန်းဆေးရည် ကျပ် ၂၀ ဘီလီယံဖိုးခန့်နှင့် မြေဆိပ်ဖြေဆေး အပါအဝင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဆေးဝါးများ ထုတ်ယူရန် ကျပ် ၉ ဘီလီယံ ခန့် ထုတ်လုပ်ပေးရန် အမှာစာများ ပေးပို့ထားရာ မက်သဒုန်းဆေးရည် ထုတ်ရန်အတွက် ကုန်ကြမ်းများ စတင်စုဆောင်းနေသည်ဟု စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြောကြားသည်။ 

“ဒီဆေးကို ကျွန်တော်တို့က ရောင်းမှာမဟုတ်ပါဘူး၊ ဒါကလည်း နိုင်ငံခြားကနေ တင်သွင်းတာ လျှော့ချနိုင်ရင် နိုင်ငံခြားယိုစိမ့်မှု ကာကွယ်ပြီးသား ဖြစ်သွားစေရန် အတွက်ပါ” ဟု ဦးကိုကိုလွင်က ဆိုသည်။

စက်မှုဝန်ကြီးဌာန အနေနှင့် HIV ရောဂါ ကုသမည့် ဆေးဝါးကို ၂၀၁၇ ခုနစ် ဇွန်လအတွင်း FDA ကို တင်ပြထားရာနှင့် ခွင့်ပြုချက်ရလျှင် ဈေးကွက်အတွင်း အဆင်သင့်ရောင်းရန် အနေအထားများကို လုပ်ဆောင်ထားသည်ဟု စက်မှုဝန်ကြီးဌာန တာဝန်ရှိသူများထံမှ သိရှိရသည်။

“အခုကုန်ကြမ်းဝယ်ဖို့ လုပ်နေတယ်။ ဒီဘဏ္ဍာရေးနှစ်ကုန် ဒါမှမဟုတ် နောက်ဘဏ္ဍာရေး နှစ်ဆန်းလောက်ဆိုရင် ထုတ်လုပ်ဖြစ်မှာပါ။ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ဘူးရေ တစ်သိန်းနှစ်သောင်း အမှာစာပေးပို့ ထားပါတယ်။ အပြင်ကို မရောင်းပါဘူး။ ဒီဆေးရည်ကို စက်ရုံက ဆေးဝါးကျွမ်းကျင်တဲ့ ပြည်တွင်းပညာရှင်တွေကပဲ ထုတ်လုပ်မှာပါ” ဟု BPI ဆေးဝါးစက်ရုံ၏ ဒုတိယအထွေထွေမန်နေဂျာ (စီမံကိန်း) ဒေါက်တာအောင်ဇော်က ပြောကြားသည်။   

T.L