News

POST TYPE

NEWS

ဘူးသီးတောင်မြို့ မီးကျောင်းဈေးကျေးရွာ၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွား
22-Sep-2017

ရန်ကုန်၊ စက်တင်ဘာ ၂၂ 

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် မီးကျောင်းဈေးကျေးရွာရှိ ဗလီခြံဝန်းအတွင်း၌ ယနေ့ (စက်တင်ဘာလ ၂၂ ရက်နေ့) နံနက်ပိုင်း၌ ဗုံပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

“ဗုံပေါက်ပွဲတာ မှန်ကန်ပါတယ်။ အသေးစိတ်တော့ ပြောလို့မရသေးဘူး” ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက The Voice သတင်းစာသို့ အတည်ပြု ပြောဆိုသည်။

အဆိုပါ ဗုံပေါက်ကွဲမှုဖြစ်စဥ်အတွင်း၌ ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် ပျက်စီးမှု အခြေအနေအချို့ကို ဘူးသီးတောင်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးထံ The Voice သတင်းစာမှ ထပ်မံမေးမြန်းခဲ့သော်လည်း ဖြစ်စဉ်တွေကို အသေးစိတ် လေ့လာနေကြောင်း စသည်ဖြင့် ပြောဆိုခဲ့သည်။

J-07