News

POST TYPE

NEWS

နီကယ်စီမံကိန်းကြောင့် မြေနီဖုံးလွှမ်းခံရသော ဒေသခံတောင်သူများ ဒုတိယအကြိမ် ဆန္ဒပြ
သပိတ်ကျင်း၊ စက်တင်ဘာ ၂၂ 

စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းဒေသကြီး နှစ်ခုကြားရှိ တကောင်းနီကယ် စီမံကိန်း စွန့်ပစ်မြေကြောင့် မြေနီဖုံလွှမ်းခံခဲ့ရသော ကျေးရွာ (၄) ရွာမှ ဒေသခံတောင်သူများက လယ်ယာမြေများ ထိခိုက်ပျက်စီးခဲ့သည့်အတွက် နစ်နာကြေးရရှိရန် ယနေ့ (စက်တင်ဘာလ ၂၂ ရက်နေ့) နံနက်က ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့သည်။

အင်းနက်ကျေးရွာအုပ်စုရှိ အင်းနက်၊ မိုင်းဒိုင်း၊ တောင်တလုံးကျေးရွာ ပါဝင်ကာ ထီးချိုင့်မြို့နယ်ဘက်မှ မောင်းကုန်းကျေးရွာတို့ ပါဝင်ပြီး အိမ်ထောင်စု ၇၈ စု၏ လူဦးရေ ၃၄၀ ဦး လုပ်ကိုင်စားသောက်နေသော လယ်ယာမြေ ထိခိုက်ခဲ့သည်ကို လျှော်ကြေးများ ပြန်လည်ရရှိရန် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

မြေနီဖုံးလွှမ်းမှု တိုင်းတာစီစစ်ပြီးထားသော လယ်မြေဧက (၄၅၆.၁၄) ဧကကို နစ်နာကြေးငွေ အမြန်ဆုံးရရှိရန် ဒုတိယအကြိမ် ဆန္ဒထုတ် ဖော် တောင်းဆိုခြင်း ဖြစ်သည်ဟု ဆန္ဒပြအဖွဲ့ခေါင်းဆောင် ဦး စောမြင့်က ပြောသည်။

အင်အား ၁၅၀ ခန့် ဆန္ဒထုတ်ဖော်ရာတွင် မြေနီဖုံးလွှမ်းမှု နစ်နာကြေးငွေ အမြန်ဆုံးရရှိရေး၊ နိုင်ငံတော်အတိုင်ပင်ခံ အမေစု ကူညီဖြေရှင်းပေးရေး၊ နိုင်ငံတော်သမ္မတကြီး ကူညီဆောင်ရွက်ပေးရေး၊ စွန့်ပစ်မြေနီများ မကျရောက်အောင် ထိန်းသိမ်းပေးရေး စသည့် ကြွေးကြော်သံပါ အချက် ၈ ချက်တောင်းဆိုကာ ဆန္ဒထုတ်ဖော် တောင်းဆိုကြသည်။

R-05
ဓာတ်ပုံ - တင်ဇော်ဦး