News

POST TYPE

NEWS

ယာယီရဲချုပ်အောင်ဝင်းဦးကို ရဲချုပ်အဖြစ် အစမ်းခန့်
21-Sep-2017 tagged as ရဲတပ်ဖွဲ့

ရန်ကုန်၊ စက်တင်ဘာ ၂၁

ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတက ယာယီရဲချုပ် ရဲမှူးချုပ် အောင်ဝင်းဦးကို စက်တင်ဘာလ ၂၁ ရက်နေ့ကစ၍ ရဲချုပ်အဖြစ် နိုင်ငံတော် ဝန်ထမ်းစည်းမျဉ်းအတိုင်း အစမ်းခန့်အပ်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးသက်နိုင်က ပြောကြားသည်။

ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက တာဝန်ပေးအပ်ခဲ့သဖြင့် ယခုနှစ် မေလ ၁ ရက်နေ့တွင် ဒုတိယရဲချုပ်မှ ယာယီရဲချုပ်အဖြစ် တာဝန်ယူပြီး လေးလအကြာတွင် ရာချုပ်ရာထူးကို နိုင်ငံတော်သမ္မတက အစမ်းခန့်ကာလ အနေဖြင့် ခန့်အပ်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“နိုင်ငံတော် ဝန်ထမ်းစည်းမျဉ်းအတိုင်း တစ်နှစ်ခန့်ထားတယ်။ တစ်နှစ်ပြည့်ပြီးရင် နိုင်ငံတော်သမ္မတကပဲ အတည်ပြုခန့်အပ်မယ်” ဟု ဒုရဲမှူးကြီး သက်နိုင်က ရှင်းပြသည်။

ရဲချုပ်အောင်ဝင်းဦးသည် စစ်တက္ကသိုလ် အမှတ်စဉ် ၂၆ ဆင်းတစ်ဦးဖြစ်ပြီး CID ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲချုပ်၊ ယာယီရဲချုပ် တာဝန်ထမ်းဆောင်ပြီးနောက် ရဲချုပ်ရာထူးကို ရရှိခဲ့ခြင်း ဖြစ်သည်။ 

J-17