News

POST TYPE

NEWS

ကုန်စုံဆိုင်၌ အရက်ရောင်းသူ နှစ်ဦးကို အရေးယူ
21-Sep-2017 tagged as ကျိုင်းတုံ

ကျိုင်းတုံ၊ စက်တင်ဘာ ၂၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့ မယ်ဆွမ်မြောက်ရပ်ကွက်တွင် နေအိမ်ကုန်စုံဆိုင်၌ အရက်နှင့် ဘီယာများ ရောင်းချသည့် အမျိုးသားနှစ်ဦးကို ရှမ်းယစ်မျိုး ဥပဒေအရ အရေးယူထားကြောင်း မိုင်းဆတ်မြို့မ ရဲစခန်းထံမှ သိရသည်။

“ထွေအုပ်အဖွဲ့က ယစ်မျိုးလိုင်စင်စစ်ချိန်မှာ အရက်နဲ့ ဘီယာတွေ တွေ့ရှိတာပါ။ လိုင်စင်မယူဘဲ ရောင်းချနေတဲ့ အိမ်ဈေးဆိုင်နှစ်ခုက ပိုင်ရှင်နှစ်ဦးကို တိုင်ကြားခဲ့လို့ ရှမ်းယစ်မျိုးဥပဒေအရ အရေးယူတာပါ” ဟု ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ အမျိုးသားနှစ်ဦးကို (ပ) ၂၄/၂၀၁၇၊ ရှမ်းယစ်မျိုးအမိန့် ၃ အရ အရေးယူထားကြောင်း မိုင်းဆတ်မြို့မ ရဲစခန်းထံမှ သိရသည်။

R-16