News

POST TYPE

NEWS

မြန်မာနိုင်ငံတွင် တိုက်ခိုက်ရန် လူစုဆောင်းနေသည့် ဗြိတိန် အယ်လ်ကေးဒါး အကြမ်းဖက်သမားကို အိန္ဒိယထောက်လှမ်းရေး ဖမ်းမိ
21-Sep-2017 tagged as အိန္ဒိယ

နယူးဒေလီ- ရန်ကုန်၊ စက်တင်ဘာ ၂၀

မြန်မာနိုင်ငံနှင့် မြန်မာ့တပ်မတော်ကို စစ်ဆင်နွှဲနိုင်ရေးအတွက် ဘင်္ဂါလီ ဒုက္ခသည် လူငယ်များကို လိုက်လံစည်းရုံးကာ လူစုဆောင်းနေသည့် အယ်လ်ကေးဒါး အကြမ်းဖက်အဖွဲ့ဝင် ဗြိတိန်နိုင်ငံသားတစ်ဦးကို အိန္ဒိယရဲတပ်ဖွဲ့၏ ထောက်လှမ်းရေးအဖွဲ့က ဖမ်းဆီးလိုက်ကြောင်း Indian Times သတင်းစာက ရေးသားဖော်ပြသည်။ 

အိန္ဒိယရဲတပ်ဖွဲ့ အဆိုအရ ဖမ်းမိလိုက်သော ဗြိတိန်နိုင်ငံသား ဆာမီအွန်ရာမန် (၂၈ နှစ်) သည် အယ်လ်ကေးဒါး အကြမ်းဖက်အဖွဲ့၏ အရေးပါသော လူသစ်စုဆောင်းရေးမှူးတစ်ဦး ဖြစ်သည်။ 

ဆာမီအွန်ရာမန်၏ မိသားစုဝင်များမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှဖြစ်ပြီး ၎င်းသည် နယူးဒေလီ၊ မီဇိုရမ်နှင့် မဏိပူရတို့တွင် ခြေကုပ်ယူကာ အိန္ဒိယနှင့် မြန်မာ့တပ်မတော်ကို တိုက်ခိုက်မှုများ ပြုလုပ်နိုင်ရေးအတွက် ဘင်္ဂါလီ ဒုက္ခသည် လူငယ်များကို စည်းရုံးလျက်ရှိသူ ဖြစ်သည်ဟု အိန္ဒိယ ရဲတပ်ဖွဲ့က ဆိုသည်။ 

၎င်းင်းကို အိန္ဒိယထောက်လှမ်းရေးက ဖမ်းဆီးရမိလိုက်ခြင်းသည် ထူးခြားသည့် ဖြစ်စဉ်တစ်ခုပင် ဖြစ်ကြောင်း India Times သတင်းစာက ဖော်ပြသည်။ 

ဆာမီအွန်ရာမန်သည် စစ်ရေးအတွေ့အကြုံ ရင့်ကျက်သူ မူဂျာဟစ်တစ်ဦးဖြစ်ပြီး ဆီးရီးယားနိုင်ငံ၊ အလက်ပိုမြို့ရှိ အယ်လ်ကေးဒါးအဖွဲ့၏ အဖွဲ့ခွဲဖြစ်သော အယ်လ်နူဆာ (al-Nusra) ဘက်က ဝင်ရောက်တိုက်ခိုက်ပေးခဲ့ဖူးသည်။ ထို့နောက် အယ်လ်ကေးဒါးအဖွဲ့က ၎င်းကို လူသစ်စုဆောင်းရေးသမားတစ်ဦးအဖြစ် ဘင်္ဂလားဒေ့ရှ်သို့ စေလွှတ်ခဲ့သည်။ 

ဆာမီအွန်ရာမန်သည် နယူးဒေလီမြို့ အရှေ့ဘက် ဗီကာမာ့ဂ်ရပ်ကွက်တွင် လူသစ်တစ်ဦးနှင့် အဆက်အသွယ်ရရှိရန် ကြိုးပမ်းနေစဉ် အိန္ဒိယရဲတပ်ဖွဲ့၏ ဖမ်ဆီးထိန်းသိမ်းခြင်း ခံလိုက်ရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ 

ဆာမီအွန်ရာမန်သည် အစောပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း အကြမ်းဖက်လုပ်ငန်းအတွက် ငွေကြေးထောက်ပံ့ပေးမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရဖူးပြီး ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ထို့နောက် ၎င်းသည် al-Nusra အုပ်စု၏ တပ်မှူး မိုဟာမက် ဂျိုလာနီဆိုသူနှင့် အဆက်အသွယ် ရရှိခဲ့ကြောင်း၊ မိုဟာမက်ဂျိုလာနီက ဘင်္ဂါလီ ဒုက္ခသည်များအား စည်းရုံးသိမ်းသွင်းနိုင်ရေးအတွက် ၎င်းကို အိန္ဒိယသို့သွားရန် စေလွှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ 

ဆာမီအွန်ရာမန်သည် အယ်လ်ကေးဒါးနှင့် al-Nusra အကြမ်းဖက်အုပ်စု၏ ထိပ်ပိုင်းတပ်မှူးများနှင့် အဆက်အသွယ် ရှိထားပြီး Protective Text ဟုခေါ်သော Application မှတစ်ဆင့် ညွှန်ကြားချက် မက်ဆေ့ခ်ျများ လက်ခံရရှိထားကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားသည်။ စုံစမ်းစစ်ဆေးရေးမှူးများကို ဝန်ခံထွက်ဆိုရာတွင် ဆာမီအွန်ရာမန်က ၎င်းသည် ကက်ရှ်မီးယား၊ ဒေလီ၊ ဘီဟာနှင့် ဟာဇာရီဘတ်တို့တွင် နေထိုင်သော ဘင်္ဂါလီဒုက္ခသည် ၁၂ ဦးကို စည်းရုံးသိမ်းသွင်းခဲ့ကြောင်း ပြောကြားသည်။ 

“သူ (ဆာမီအွန်ရာမန်) ဟာ နယူးဒေလီနဲ့ အနောက်မြောက်ပိုင်းပြည် နယ်နှစ်ခုမှာ ခြေကုပ်ယူခဲ့ပြီး အိန္ဒိယနဲ့ မြန်မာစစ်တပ်ကို တိုက်ခိုက်နိုင်ရေးအတွက် လူသစ်စုဆောင်းဖို့ ပြင်ဆင်ခဲ့တာ။ သူ့ကို ဒေလီ၊ ဟာဇာရီဘတ်နဲ့ တခြားမြို့တွေမှာ ရှိတဲ့ အယ်လ်ကေးဒါးအုပ်စုက ထောက်ပံ့ပေးနေတာ” ဟု အိန္ဒိယ အထူးထောက်လှမ်းရေးအဖွဲ့၏ ဒုတိယမဟာမင်းကြီး ပရာမွတ် ကူစ်ဝါက ပြောကြားသည်။ 

F-01