News

POST TYPE

NEWS

ညစာစားပွဲအတွက် ကုန်မည့်ငွေကို ချို့တဲ့လူနာများအား လှူ
20-Sep-2017 tagged as မြိတ်


မြိတ်၊ စက်တင်ဘာ ၂၀

မြိတ်တက္ကသိုလ်မှ ကျောင်းတွင်း အဆောင်နေ ကျောင်းသားများက ညစာပြုလုပ်မည့် ငွေများအား မြိတ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေသည့် ချို့တဲ့လူနာ ၅၀ ဦးကို စက်တင်ဘာလ ၁၈ ရက်က ပေးအပ်လှူဒါန်းခဲ့ကြောင်း အဆိုပါ ကျောင်းသားများမှ သိရသည်။

အဆောင်နေ ကျောင်းသူကျောင်းသားများသည် ပညာသင်ကာလတစ်ခု ကုန်ဆုံးချိန်တွင် ညစာစားပွဲ ပြုလုပ်လေ့သည်။

“ပျော်ပွဲရွှင်ပွဲလုပ်မယ့် ပိုက်ဆံကို ပျော်ပွဲရွှင်ပွဲ မလုပ်ဘဲနဲ့ နွမ်းပါးသူတွေကို လှူတာ ပိုပြီးတော့ ပီတိဖြစ်ရတယ်”ဟု ပုလဲရာဇာ အဆောင်မှူး ရူပဗေဒဌာန ကတိက ဒေါက်တာဆန်းလွင်က ပြောသည်။

မြိတ်ဆေးရုံကြီးရှိ ချို့တဲ့လူနာ ၅၀ ဦးတွင် တစ်ဦးလျှင် ၂ သောင်းကျပ်နှုန်းဖြင့် လှူဒါန်းပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

ယင်းသို့ လှူဒါန်းခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ကို ပြီးခဲ့သည့် မတ်လတွင်းက လူနာ ၁၅ ဦးအတွက် တစ်ဦးလျှင် ၂ သောင်းကျပ်နှုန်းဖြင့် လှူဒါန်းပေးခဲ့ပြီးဖြစ်သည်။

မြိတ်တက္ကသိုလ်တွင် ကျောင်းတွင်း အဆောင်နေ ကျောင်းသား ၆၄ ဦးနှင့် အဆောင်နေ ကျောင်းသူ ၁၀၀ ဦးကျော်ရှိကြောင်း ယင်းတက္ကသိုလ်မှ သိရသည်။

Dawei Watch