News

POST TYPE

NEWS

ကျိုင်းတုံဆေးရုံ၌ အသက် ၇၀ ခန့်အရွယ် အကျဉ်းသားတစ်ဦး သေဆုံး
14-Sep-2017 tagged as မူးယစ်ဆေးဝါး

ကျိုင်းတုံ၊ စက်တင်ဘာ ၁၄

မူးယစ်မှုဖြင့် ထောင်ဒဏ် ၁၆ နှစ် ကျခံနေရသည့် အသက် ၇၀ နှစ်ခန့်အရွယ် အကျဉ်းသားတစ်ဦးသည် စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၅ နာရီခွဲခန့် ကျိုင်းတုံမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် သေဆုံးသွားကြောင်း ကျိုင်းတုံမြို့ အကျဉ်းထောင်ထံမှ သိရသည်။

“နှလုံးရောဂါကြောင့် အမောဖောက်ပြီး ဆေးရုံမှာ အရေးပေါ်ကုသနေရင်းက ဆုံးသွားတာပါ။ ဒီနှစ်ထဲမှာ သေမှုသေခင်း ၂၈ ခုရှိတာမှာ ၁၀ ခုကျော်က ရောဂါကြောင့် သေဆုံးသွားတဲ့ အကျဉ်းသားတွေချည်းပဲ” ဟု ကျိုင်းတုံမြို့မ ရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ်မောင်မောင်သင်းက ပြောကြားသည်။

အဆိုပါ မူးယစ်အကျဉ်းသား ဦးလီလော် သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် သိရှိရန် ကျိုင်းတုံဆေးရုံတွင် PR-7 ဖြင့် ပေးပို့ပြီး သေမှုသေခင်း အမှတ်စဉ် (၂၈/၂၀၁၇) ဖြင့် စစ်ဆေးနေကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းထံမှ သိရသည်။

R-16