News

POST TYPE

NEWS

ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ခရီးသည်တင်ယာဉ်နှင့် ဆိုင်ကယ်တိုက်၊ နှစ်ဦးသေ
14-Sep-2017 tagged as ယာဉ်တိုက်မှု

တောင်ငူ၊ စက်တင်ဘာ ၁၄ 

တောင်ငူမြို့နယ် ကံရိုးကျေးရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် စက်တင်ဘာလ ၁၃ ရက် ည ၁၁ နာရီ ၅၅ မိနစ်ခန့်က ခရီးသည်တင်ယာဉ်နှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိရာမှ ဆိုင်​ကယ်​သမားနှင့်​ ​နောက်​ကလိုက်​ပါလာသူတစ်​ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရှိခဲ့ကြောင်း တောင်ငူမြို့မ ရဲစခန်းထံမှ သိရသည်။

“ခရီးသည်တင်ယာဉ်က ကုန်တင်ယာဉ်ကို ကျော်တက်ရာက လမ်းလယ်ခေါင်မှာ ဆိုင်ကယ်နဲ့ တိုက်မိခဲ့တာပါ” ဟု ယင်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

အဆိုပါနေ့ည ၁၁ နာရီ ၅၅ မိနစ်ခန့်က ကံရိုးကျေးရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း တောင်ငူဘက်မှ ရေတာရှည်ဘက်သို့ မောင်းနှင်လာသည့် ထက်ဦးယာဉ်လိုင်းပိုင် ခရီးသည်တင်ယာဉ်သည် ရှေ့မှကုန်တင်ယာဉ်ကို ကျော်တက်ရာမှ မော်တော်ဆိုင်ကယ်ကို မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-15
ဓာတ်ပုံ-MT