News

POST TYPE

NEWS

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေးကော်မတီ ပထမဆုံး အစည်းအဝေး ယနေ့ လုပ်မည်
13-Sep-2017 tagged as ရခိုင်အရေး

ရန်ကုန်၊ စက်တင်ဘာ ၁၃

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ ပထမဆုံး အစည်းအဝေးကို ယနေ့ ပြုလုပ်မည်ဖြစ်ကြောင်း ယင်းကော်မတီ၏ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။

ယင်းကော်မတီကို ဝန်ကြီးဌာနများစွာမှ ပြည်ထောင်စုဝန်ကြီးများ အပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က စက်တင်ဘာလ ၁၂ ရက်နေ့၌ ဖွဲ့စည်းပေးခဲ့သည်။

ထို့အတူ ရခိုင်ပြည်နယ် တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် နိုင်ငံတော်သမ္မတ၏ ချမှတ်ထားသော စီမံချက်များအပေါ် ယင်းကော်မတီက လေးလတစ်ကြိမ် ပြည်သူများသို့ ထုတ်ပြန်ပေးရမည်ဖြစ်သည်။

“လုပ်ငန်း အစည်းအဝေး စမယ်။ အကြံပြုချက်တွေကို ဆွေးနွေးမယ်။ မြေပြင်အခြေအနေပေါ် မူတည်ပြီး လုပ်လို့ရတာတွေ အကုန်လုပ်မယ်။ လုပ်လို့ရမယ့် အကျိုးရှိမယ့်ကိစ္စတွေကို အကုန်လုပ်သွားမှာပါ”ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလည်းဖြစ်သူ ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

ယင်းကော်မတီမှာ မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တို့၏ အပြီးသတ် အစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

J-07