News

POST TYPE

NEWS

သွယ်လျလှပ အဆီကျစေမယ့် ထိန်းသိမ်းမှုများ
13-Sep-2017 tagged as

လူတစ်ယောက်မှာ ပုံမှန်ရှိသင့်တဲ့ ခန္ဓာကိုယ်အလေးချိန်ထက်ပိုနေပြီး အဆီတွေ များနေမယ်ဆိုရင် ကိုယ်ခန္ဓာလှုပ်ရှားမှုတွေမှာ သွက်လက်မှုမရှိသလို တစ်ခါတစ်ရံမှာ စိတ်ရဲ့ အလိုမကျမှုတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် အခြားသော နာတာရှည် ကျန်းမာရေး ပြဿနာတွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဖော်ပြပါအချက်တွေက ခန္ဓာကိုယ် ထိန်းသိမ်းမှုအပိုင်းမှာ တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ပြုနိုင်မှာပါ။

၁။ စားနေကျ ပမာဏထက် အစာကို လျှော့စားပါ။ ပန်းကန်သေးသေးနဲ့ စားပါ။ အစာကို ဖြည်းဖြည်းနဲ့ ကျေညက်အောင် ဝါးစားပါ။ အစားမစားခင် ရေ တစ်ခွက်သောက်ပါ။

၂။ ကစီဓာတ်နဲ့ အချိုများတဲ့ အစားအစာများ၊ အဆီအစိမ့်များအစား သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးပါ။ ဒါ့အပြင် အဆီအစိမ့်နဲ့ ကစီဓာတ်များတဲ့ သရေစာတွေအစား သစ်သီးနဲ့ သစ်သီး ဖျော်ရည်ကို သောက်ပါ။

၃။ မနက်စာ (Breakfast) ကို ပုံမှန်စားသုံးတဲ့ အကျင့်လုပ်ပေးပါ။ ညနေစာကိုလည်း ညအိပ်ရာ ဝင်ချိန်နဲ့ ဝေးဝေးစားသုံးပါ။ ညအိပ်ရာဝင်ခါနီးမှာ ထမင်း၊ ခေါက်ဆွဲ၊ ပေါင်မုန့်စတဲ့ ကစီဓာတ်များတဲ့ အစားအစာတွေအစား နွားနို့ (သို့မဟုတ်) သစ်သီးဖျော်ရည်ကို သောက်ပါ။

၎။ ရုပ်မြင်သံကြား ကြည့်ချိန်နဲ့ စာအုပ်ဖတ်ချိန်တွေမှာ အစားအသောက် စားခြင်းက ရှောင်ကြဉ်ဖို့ လိုအပ်ပြီး စိတ်ဖိစီးမှု ခံစားနေရချိန်မှာလည်း အစားကို များစွာ စားသုံးခြင်း၊ အစားလုံးဝ မစားခြင်းတို့ကို ရှောင်ကြဉ်ပါ။

၅။ အပြင်းအထန် မဟုတ်သော လေ့ကျင့်ခန်းကို တစ်နေ့ မိနစ် သုံးဆယ်ခန့် ပြုလုပ်ပါ။ တစ်ပတ်မှာ အနည်းဆုံး ငါးရက်လောက် ပုံမှန် လေ့ကျင့်ခန်း လုပ်နိုင်ဖို့ ကြိုးစားပါ။ ဓာတ်လှေကား၊ စက်လှေကားများအစား ရိုးရိုးလှေကား အသုံးပြုတဲ့အကျင့်ကို လုပ်သင့်ပါတယ်။

၆။ အိပ်ရေးပျက် မခံပါနဲ့။ အိပ်ရေးပျက်ခြင်းက ပုံမှန်မဟုတ်တဲ့ အစားစားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် အရက်၊ ဘီယာ၊ ဝိုင် စတာတွေ အလွန်အကျွံ သောက်သုံးတာတွေလည်း ရှောင်ကြဉ်ရပါမယ်။

Source : Zifam

  • TAGS