News

POST TYPE

NEWS

ရိုဟင်ဂျာမရှိကြောင်း ဂျပန်ရောက်မြန်မာများ UN ရုံးရှေ့၌ ဆန္ဒပြ
13-Sep-2017 tagged as ဆန္ဒပြ


ရန်ကုန်၊ စက်တင်ဘာ ၁၃

မြန်မာတိုင်းရင်းသား ၁၃၅ မျိုး၌ ရိုဟင်ဂျာဟူသော တိုင်းရင်းသားမရှိကြောင်း ဂျပန်ရောက် မြန်မာနိုင်ငံသား ၅၀၀ သည် ဂျပန်နိုင်ငံ တိုကျိုမြို့ Shibuya ရပ်ကွက်ရှိ UN ရုံးရှေ့ (ကုလသမဂ္ဂ တက္ကသိုလ်ရှေ့) ၌ ယနေ့ (စက်တင်ဘာလ ၁၃ ရက်)က ဆန္ဒပြခဲ့ကြသည်။

“ကုသမဂ္ဂကိုယ်စားလှယ်ရုံးရှေ့မှာ လူအင်အား ၅၀၀ လောက်နဲ့ သွားရောက် ဆန္ဒထုတ်ဖော်တာပါ။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသား မရှိပါဘူး။ ရခိုင်ပြည်နယ် အရေးကိစ္စအပေါ် အတိုင်ပင်ခံရဲ့ ဆောင်ရွက်ချက်တွေကို ထောက်ခံတဲ့အနေနဲ့ ဆန္ဒထုတ်ဖော်ရတာ ဖြစ်တယ်”ဟု ဂျပန်ရောက် ဦးတင်ဝင်းကျော်က ပြောဆိုသည်။

စက်တင်ဘာလ ၈ ရက်နေ့က ဂျပန်ရောက် အစ္စလာမ် ဘာသာဝင်များက ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုများလည်း ပြုလုပ်ခဲ့သည်။

J-07