News

POST TYPE

NEWS

အဓိကရုဏ်းနှိမ်နင်းသည့် သေနတ်မှ ကျည်ဆန်ထွက်၍ တစ်ဦးဒဏ်ရာရ
13-Sep-2017 tagged as


တောင်တွင်းကြီး၊ စက်တင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ မြို့လယ်လမ်းဆုံ၌ ယနေ့(စက်တင်ဘာ ၁၃ ရက်) နံနက်က အဓိကရုဏ်း ထိန်းသိမ်းသည့် ရော်ဘာကျည်ဆန်သုံး သေနတ်မှ ကျည်ဆန်ထွက်ခဲ့၍ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တောင်တွင်းကြီးမြို့မရဲစခန်းထံမှ သိရသည်။

ထိုကဲ့သို့ ကျည်ဆန် ထိမှန်မှုကြောင့် ဒဏ်ရာရရှိသူမှာ အသက် ၃၁ နှစ်ရှိ ဦးစိုးမိုးအောင်ဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ဦးစိုးမိုးအောင်တွင် ယာဘက်ပါးစောင် ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်ပါးပွန်းပဲ့ဒဏ်ရာ၊ လည်ပင်းယာဘက် ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်ပုခုံးပေါ် ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ) တို့ ရရှိခဲ့ပြီး တောင်တွင်းကြီး ပြည်သူ့ဆေးရုံမှတစ်ဆင့် မကွေးပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးထားကြောင်း မြို့ခံလူမှုကူညီရေး အသင်းအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။

R-02

  • TAGS