News

POST TYPE

NEWS

ရွေးစရာနည်း၍ ဆေးကျောင်းတက်ဖြစ်ခဲ့ကြဟု အများစု ဖြေကြား
10-Sep-2017 tagged as ဆရာဝန်

ရန်ကုန်၊ စက်တင်ဘာ ၁၀

ဆေးတက္ကသိုလ် တက်ရသည့် အကြောင်းအရင်းမှာ ရွေးချယ်စရာ နည်းပါးခြင်းကြောင့်ဟု အလုပ်သင်ဆရာဝန် အများစုက ဖြေဆိုခဲ့ကြောင်း စစ်တမ်းကောက်ယူခဲ့သည့် မန္တလေးဆေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ စစ်တမ်းကောက်ယူရေး ကော်မတီခေါင်းဆောင် ဒေါက်တာထက်ပိုင်ဦးက The Voice သို့ ပြောကြားသည်။

အလုပ်သင် ဆရာဝန်ဘဝ စိတ်ကျေနပ်မှု အခြေအနေနှင့် အလုပ်သင်ကာလ ပြီးဆုံးချိန် အသက်မွေးဝမ်းကြောင်းလုပ်ငန်းဆိုင်ရာ မျှော်မှန်းချက် အခြေအနေများ သိရှိစေရန် ယခုနှစ် ဇွန်လကတည်းက ကောက်ယူခဲ့သည့် စစ်တမ်းအရ ယင်းသို့ ဖြေကြားခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

မန္တလေးဆေးတက္ကသိုလ်မှ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် စာမေးပွဲအောင်မြင်ခဲ့ပြီး မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးနှင့် ကုတင် ၃၀၀ သင်ကြားရေးဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော အလုပ်သင် ဆရာဝန် စုစုပေါင်း ၃၄၅ ဦး ရှိသည့်အနက် မိမိဆန္ဒအလျောက် ၂၂၀ ဦးတို့ဖြေဆိုထားသော စစ်တမ်း ဖြစ်သည်။

စစ်တမ်း၏ ပထမမေးခွန်း ဆေးတက္ကသိုလ် တက်ရသော အကြောင်းအရင်းတွင် ရွေးချယ်စရာ နည်းပါးခြင်းကြောင့်ဟု ဖြေဆိုမှု ၉၁ ကြိမ်၊ ဆရာဝန် ဖြစ်လိုသောကြောင့် ဖြေဆိုမှု ၇၈ ကြိမ်၊ ပတ်ဝန်းကျင် တိုက်တွန်းသဖြင့် ဖြေဆိုမှု ၅၆ ကြိမ်နှင့် အခြားကြောင်းများကြောင့်ဟု ဖြေဆိုမှု ၁၃ ကြိမ် ရှိသည်။ 

မြဇာခြည်သင်း

သဘောထားစစ်တမ်း အသေးစိတ်ကို အောက်ပါလင့်ခ်မှတစ်ဆင့် ဖတ်ရှုနိုင်ပါမည်။ 
သဘောထားစစ်တမ်း