News

POST TYPE

NEWS

အာဆီယံက ချီးမြှင့်သော The Legacy Award ဆု ကမ္ဘောဇဘဏ် ဥက္ကဋ္ဌဦးအောင်ကိုဝင်းရရှိ
08-Sep-2017 tagged as KBZ

ရန်ကုန်၊ စက်တင်ဘာ ၉

KBZ BANK နှင့် KBZ GROUP တည်ထောင်သူ ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းကို ASEAN မှ “ နိုင်ငံအလိုက် ခေတ်အဆက်ဆက် အအောင်မြင်ဆုံးနှင့် ပြည်သူ့အကျိုးပြုဆုံး စံပြစီးပွားရေးလုပ်ငန်းရှင်ဆု (The Legacy Award)” ပေးအပ်ချီးမြှင့် လိုက်သည်။

ASEAN နိုင်ငံအလိုက် ခေတ်အဆက်ဆက် အအောင်မြင်ဆုံးနှင့် ပြည်သူ့အကျိုးပြုဆုံး စံပြစီးပွားရေးလုပ်ငန်းရှင်ဆု (The Legacy Award) ချီးမြင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၆ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၊ Solaireဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံအတွက် ASEAN “The Legacy Award”ဆုကို ကမ္ဘောဇဘဏ် ဥက္ကဋ္ဌဦးအောင်ကိုဝင်းက ရရှိခဲ့ခြင်းဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ၊ သမ္မတ Mr.Rodrigo Duterte ကပေးအပ်ချီးမြှင့်ခဲ့သည်။

အခမ်းအနားသို့ ဖိလစ်ပိုင်နိုင်ငံသမ္မတ Mr. Rodrigo Duterte နှင့်အတူ ASEAN နိုင်ငံများမှ နိုင်ငံ့အကြီးအကဲများ၊ ဖိလစ်ပိုင်အစိုးရအဖွဲ့ဝင်များ၊ အဆင့်မြင့်အရာရှိကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ နိုင်ငံအလိုက်ဆုရရှိကြသူများနှင့် အာဆီယံ (၁၀) နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၉၀၀ ကျော် တက်ရောက်ခဲ့ကြောင်း ယင်းပွဲဆိုင်ရာ ထုတ်ပြန်ချက်အရသိရသည်။

အထက်ပါ အာဆီယံ မှ နိုင်ငံအလိုက် ခေတ်အဆက်ဆက် အအောင်မြင်ဆုံးနှင့် ပြည်သူ့အကျိုးပြုဆုံး စံပြစီးပွားရေးလုပ်ငန်းရှင်ဆု (The Legacy Award) သည် အာဆီယံနိုင်ငံများနှင့်ပတ်သက်၍ ပေးအပ်သောဆုများအနက် အမြင့်မားဆုံးသောဆုဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းဆုမှာ မိမိ၏သက်ဆိုင်ရာ နိုင်ငံအတွက်သာမက အာဆီယံ ဒေသတစ်ခုလုံး၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် စိတ်အားထက်သန်စွာဖြင့် ဘဝတစ်လျှောက်လုံး ထူးခြားပြောင်မြောက်စွာ သယ်ပိုးထမ်းဆောင်ခဲ့သည့် ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီးများကို နိုင်ငံအလိုက် ရွေးချယ်၍ ASEAN အဖွဲ့အစည်း နှစ်(၅၀)ပြည့် အထိမ်းအမှတ်အဖြစ် နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ် ချီးမြင့်ပေးအပ်သည့် ဆုလည်းဖြစ်ကြောင်း ထုတ်ပြန်ထားချက်အရသိရသည်။

ဆုရွေးချယ်ချီးမြှင့်ခံရသော ပုဂ္ဂိုလ်များသည် ခေတ်ကာလ၊ အချိန်ကာလ၊ အခြေအနေ အမျိုးမျိုးပြောင်းလဲစေကာမူ ၄င်းတို့တွေ့ကြုံရသော အခက်အခဲမျိုးစုံကို အောင်မြင်စွာကျော်ဖြတ်၍ အများကစံနမူနာယူရသည့် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အောင်မြင်မူများဖြင့် မှတ်ကျောက်တင်၊ ဆောင်ရွက်နိုင်ခဲ့သည့် စံပြပုဂ္ဂိုလ်များဖြစ်ကြောင်းလည်း ဖော်ပြထားပါသည်။

KBZ Bank နှင့် KBZ Group Founder & Chairman ဦးအောင်ကိုဝင်းသည် World Finance မှ ပေးအပ်ချီးမြှင့်သော ကမ္ဘာ့တိုက်ကြီး ၇ တိုက်အနက် အာရှတိုက်အတွက် တစ်ဦးတည်း ရွေးချယ်ပေးအပ်သော “Banker of the Year in Asia” (စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုဆိုင်ရာ စွမ်းဆောင်ရည် အကောင်းဆုံးဘဏ် ဥက္ကဌဆု) ကို ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆ ခုနှစ်တွင် သုံးနှစ်ဆက် လက်ခံရရှိထားသည်။

Photo by BFMF