News

POST TYPE

NEWS

မလေးရှားရောက် မြန်မာများ သတိဝီရိယရှိရန် သံရုံး သတိပေး
23-Aug-2017 tagged as

ရန်ကုန်၊ သြဂုတ် ၂၃ ရက်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပလျက်ရှိသည့် ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆက်လက်ကျင်းပမည့် အားကစားပွဲများ အားပေးကြည့်ရှုခြင်း၊ မလေးရှားနိုင်ငံအတွင်း သွားလာနေထိုင်ခြင်းတွင် မြန်မာနိုင်ငံသားများ သတိဝီရိယ ရှိကြရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတိပေးသည်။

သြဂုတ်လ ၂၁ ရက် ညနေပိုင်းက ကျင်းပခဲ့သည့် မြန်မာ-မလေးရှား ဘောလုံးပွဲစဉ်သို့ လာရောက် အားပေးသည့် မြန်မာနိုင်ငံသားအချို့ ရိုက်နှက်၊ လုယက်ခံရခြင်း ဖြစ်ပွားခဲ့သဖြင့် ယင်းသို့ ထပ်မံ မဖြစ်ပွားစေရန် သတိထားစေလိုခြင်းဖြစ်ကြောင်း ယင်းသံရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ ဖြစ်ရပ်များနှင့်ပတ်သက်၍ မလေးရှားနိုင်ငံ အစိုးရ လုံခြုံရေး အဖွဲ့အစည်းများထံသို့ အကူအညီ တောင်းခံထားကြောင်း ယနေ့(သြဂုတ်လ ၂၃ ရက်)တွင် ထုတ်ပြန်သည့် မြန်မာသံရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

  • TAGS