News

POST TYPE

NEWS

သံတောင်ဒေသကို အော်ဂဲနစ်စိုက်ပျိုးရေးဇုန်အဖြစ် သတ်မှတ်မည်
17-Aug-2017
နေပြည်တော်၊ သြဂုတ် ၁၇

တောင်ပေါ် အပန်းဖြေစခန်မြို့အဖြစ် လူသိများသည့် ကရင်ပြည်နယ် သံတောင်ဒေသ စိုက်ပျိုးမြေ ဧရိယာတစ်ခုလုံးကို ဓာတုကင်းလွတ် အော်ဂဲနစ်စိုက်ပျိုးရေဇုန်အဖြစ် ယခုနှစ်တွင် သတ်မှတ်ရန် ဆောင်ရွက်နေသည်ဟု စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင်က ပြောကြားသည်။

အော်ဂဲနစ်ဇုန်အဖြစ် သတ်မှတ်မည့် သံတောင်ဒေသရှိ စိုက်ပျိုးမြေများတွင် စိုက်ပျိုးသော တောင်သူများသည် စိုက်ခင်များ အထွက်တိုးစေရန် ဓာတ်မြေသြဇာနှင့် ပိုးသတ်
ဆေးများကို သုံးစွဲခြင်းမရှိသဖြင့် အော်ဂဲနစ်ဇုန်အဖြစ် သတ်မှတ်ရခြင်းဖြစ်ကြောင်း ယင်းဌာနထံမှ သိရှိရသည်။

“သံတောင်က ဓာတုဆေးဝါးမသုံးတဲ့ဒေသဆိုတော့ ဖွံ့ဖြိုးရေးဇုန်ဖြစ်သွားတာပေါ့။ ဒါတွေလုပ်ဖို့ အချက်အလက်တွေ ကောက်နေတယ်”ဟု ဦးလှမြင့်အောင်က ပြောကြားသည်။

ယင်းဒေသ ထွက်ကုန်များဖြစ်သည့် ကော်ဖီ၊ ချည်ပေါင်၊ ဖာလာနှင့် သစ်သီဝလံများဖြစ်သည့် ကျွဲကောနှင့် ကြက်မောက်သီးများကို အဆင့်မြှင့်ပြီး နိုင်ငံခြား တိုင်းပြည်များကို တင်ပို့မည်ဖြစ်ကြောင်း၊ ကော်ဖီနှင့်ပတ်သက်ပြီး ယခုလောလောဆယ်တွင် ဂျပန်ဈေးကွက်သို့ ပို့နိုင်သည့် အနေအထားရှိနေသဖြင့် သံတောင်ထွက် ကော်ဖီသည် နောင်တွင် တင်ပို့နိုင်မည့် အနေအထားရှိလာမည်ဟု ၎င်းက သုံးသပ်သည်။

မြန်မာ့ကော်ဖီကို နိုင်ငံတကာ ဈေးကွက်များမှ ပိုမိုတောင်းဆိုလာသဖြင့် ဓာတုလွတ်ကော်ဖီများကို ပိုစိုက်ပျိုးပြီ ဈေးကွက်များစွာ တင်ပို့နိုင်ရန် အော်ဂဲနစ် ကော်ဖီစိုက်ခင်းများကို သံတောင်ဒေသမှ ငြိမ်းချမ်းရေး ရရှိသည့် နယ်မြေများအထိ စိုက်ပျိုးမည့်အပြင် အော်ဂဲနစ် ဟင်သီးဟင်းရွက်များကိုလည်း စိုက်ပျိုးမည်ဟု ယင်းဌာန၏ ဌာနခွဲတစ်ခုဖြစ်သည့် ကော်ဖီရာသီဌာနခွဲ တာဝန်ရှိသူများက ပြောကြားသည်။

ကော်ဖီစိုက်ဧကသည် တစ်ပြည်လုံးတွင် ငါးသောင်းခန့်ရှိပြီး ၂၀၁၆-၂၀၁၇တွင် ကော်ဖီကို ဂျပန်သို့ ကွန်တင်နာ ၁၀ လုံး ပိုခဲ့ရသည်ဟု စိုက်ပျိုးရေးဦးစီဌာနမှ သိရှိရသည်။

T.L


  • VIA