News

POST TYPE

NEWS

ကျောင်းကြို/ပို့ စက်လှေမှောက်၍ သုံးဦး ပျောက်ဆုံး
17-Aug-2017 tagged as စက်လှေ

ပုသိမ်၊ သြဂုတ် လ ၁၇

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် လက်ဆောင်ကွင်းကျေးရွာအနီး လက်ဆောင်ကွင်းမြစ်အတွင်း သြဂုတ်လ ၁၆ ရက် ညနေပိုင်းက ကျောင်းသား၊ ကျောင်းသူ ၁၇ ဦး လိုက်ပါလာသော ကျောင်းကြို/ပို့ ပဲ့ထောင်စက်လှေ တိမ်းမှောက်၍ ကျောင်းသားနှစ်ဦးနှင့် စက်လှေမောင်းသူတို့ ပျောက်ဆုံးနေသည်။

စက်လှေမောင်းသူ၊ ထုံးဘိုကျေးရွာ အလယ်တန်းကျောင်းခွဲမှ ပဉ္စမတန်းကျောင်းသူ မအေးငြိမ်းသူ (အသက် ၁၀ ခန့်) နှင့် သတ္တမတန်းကျောင်းသား မောင်ဟိန်းထက်ဇော် (အသက် ၁၂ နှစ်) တို့ ပျောက်ဆုံးနေခြင်းဖြစ်ပြီး ကျန်ကျောင်းသားများကို ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့သည်။

စက်လှေမှောက်သည့် အကြောင်းအရင်းကိုမူ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာတွင် စုံစမ်းရှာဖွေနေဆဲ ဖြစ်သော်လည်း စက်လှေမှောက်ချိန်တွင် မိုးအနည်းငယ်ရွာနေပြီး လက်ဆောင်ကွင်း ရွာဘက်ကမ်း ရောက်ခါနီး တိမ်းမှောက်သွားခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ကံရွာနယ်မြေ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၀ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ကံရွာနယ်မြေ ရဲစခန်း စခန်းမှူး ရဲအုပ်ကျော်မင်းနောင်က အတည်ပြု ပြောကြားခြင်း ဖြစ်သည်။

R-12