News

POST TYPE

NEWS

တိုက်ကြီးတွင် တရားမဝင် ကျွန်းသစ်ခြမ်းများ ဖမ်းမိ
12-Aug-2017 tagged as ကျွန်းသစ်


တိုက်ကြီး၊  ဩဂုတ် ၁၂

တိုက်ကြီးမြို့နယ် ဇရပ်ဖြူ ကျေးရွာ အုပ်စု ရန်ကုန်- ပြည်လမ်းတွင် ဩဂုတ်လ ၁၂ ရက် မွန်းလွဲပိုင်းက ကန်တာ ၁၄ ပေ အဖြူရောင် မော်တော်ယာဉ်ပေါ်မှ ကျွန်းသစ်ခြမ်းများကို ဖမ်းမိခဲ့ကြောင်း ယင်းမြို့နယ် သစ်တောဦးစီးအရာရှိ ဦးစိုးမြင့်သူက ပြောကြားသည်။ 

အဆိုပါယာဉ်မှာ ပြည်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာစဉ် ကားပျက်ကာ ရပ်ထားသည်ကို တာဝန်ရှိသူများက မသင်္ကာသဖြင့် စစ်ဆေးရာမှ အရှည် ၁၂ ပေရှိသော ကျွန်းသစ် ၁၈ ခြမ်းကို  ဖမ်းမိခဲ့ကြောင်း၊ ယာဉ်ပေါ်တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များမှ ထွက်ပြေးသွားကြောင်း၊ တရားမဝင် ကျွန်းသစ်တင်ဆောင်လာသူများကို အမှုဖွင့်ကာ အရေးယူထားကြောင်း ၎င်းထံမှ သိရသည်။ 

“ကားရပ်ထားသည်မှာ အချိန်ကြာနေပြီး နောက်ပြီး လူလည်း မရှိဘူး၊ အုပ်ထားတဲ့ တာလပတ်တွေကို ဖယ်ကြည့်တော့ ကျွန်းသစ်တွေ တွေ့တယ်။ ဒါကြောင့် သစ်တောကို အကြောင်း ကြားလိုက်တာ”ဟု ဇရပ်ဖြူ ကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

R-19