News

POST TYPE

NEWS

YBS 24 ယာဉ်လိုင်း၌ ဩဂုတ်လ ဒုတိယအပတ်တွင် တရုတ်ယာဉ်သစ်များ ထည့်သွင်း ပြေးဆွဲမည်
10-Aug-2017

ရန်ကုန်၊ ဩဂုတ် ၁၀

ဒဂုံတက္ကသိုလ်မှ ဗိုလ်တထောင် ဘုရားအထိ ပြေးဆွဲနေသော YBS 24 ယာဉ်လိုင်း၌ ဩဂုတ်လ ၁၄ ရက်တွင် တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် ယာဉ်အသစ်စီးရေ ၆၀ ကို ထည့်သွင်း ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ YUPT ထံမှ သိရသည်။

“တိုင်းအစိုးရအဖွဲ့က ဝယ်ထားတဲ့ယာဉ် ၅၀ဝ ထဲက လိုအပ်တဲ့လိုင်းတွေကို ယာဉ်သစ်တွေ တိုးချဲ့ပေးထားတာပါ။ ၂၄ ယာဉ်လိုင်းထဲကို တနင်္လာနေ့မှာ ယာဉ်အသစ် စထည့်ပြေးမယ်”ဟု YUPT အုပ်ချုပ်မှုဒါရိုက်တာ ဦးမောင်မောင်လွင်က ဆိုသည်။

တိုင်းအစိုးရအဖွဲ့က ရှယ်ယာရှင်အဖြစ် ပါဝင်ထားသည့်ယာဉ်စီးရေ ၅၀ဝ အနက် YBS ၇ ၊ ၃၆ ယာဉ်လိုင်းတို့တွင် ၁၁၀ စီးကို ထည့်သွင်း ပြေးဆွဲနေပြီး ဆက်လက်၍ ယာဉ်စီးရေ ၆၀ ကို ထပ်မံ အသုံးပြု ပြေးဆွဲခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

လက်ရှိ YBS 24 ယာဉ်လိုင်းတွင် ယာဉ်စီးရေ ၅၀ ဖြင့် ကျန်စစ်သားလမ်း၊ တပင်ရွှေထီးလမ်း၊ ပြည်ထောင်စုလမ်း၊ တောင်မြောက်လမ်းဆုံ၊ လေးထောင့်ကန်လမ်း၊ စံပြဈေး၊ ဇဝန၊ အသင်းတိုက်၊ သုဝဏ္ဏတံတား၊ သံသုမာလမ်း၊ ကြက်ဘဲဈေး၊ အထက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်ဈေး၊ မဟာဗန္ဓုလတံတား၊ ရာဇာဓိရာဇ်လမ်း၊ ကမ်းနားလမ်း၊ ဗိုလ်တထောင် ဘုရားလမ်းတို့ကို ပြေးဆွဲလျက်ရှိကြောင်း YUPT ကုမ္ပဏီထံမှ သိရသည်။

တိုင်းအစိုးရက တရုတ်အစိုးနှင့် အစိုးရချင်း ချိတ်ဆက် ဝယ်ယူထားသည့် ယာဉ်အသစ် ၁၀ဝဝမှာ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ YUPT က ယာဉ်စီးရေ ၅၀ဝ၊ ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီ YBPC က ယာဉ်စီးရေ ၅၀ဝ ကို ဇွန်လ နောက်ဆုံးအပတ်က ခွဲဝေ ရရှိထားပြီး ဖြစ်သော်လည်း လက်ရှိတွင် ယာဉ်စီးရေ ၂၇၀ စီးခန့်ကိုသာ YBS ယာဉ်လိုင်းအချို့တွင် ထည့်သွင်း ပြေးဆွဲနိုင်သေးသည်။

J-06


  • VIA