News

POST TYPE

NEWS

ချမ်းမြေ့အေး ခရီးသည်တင်ယာဉ် တိမ်းမှောက်၊ ၁၃ ဦး ဒဏ်ရာရ
10-Aug-2017
ပုသိမ်၊ သြဂုတ်လ ၁၀

မြောင်းမြမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲသည့် ချမ်းမြေ့အေး ခရီးသည်တင် မှန်လုံယာဉ်သည် သြဂုတ်လ ၉ ရက်နေ့က မြောင်းမြ-ရန်ကုန် ကားလမ်းတွင် တိမ်းမှောက်မှု ဖြစ်ပွားကာ ဒဏ်ရာရရှိသည့် ခရီးသည် ၁၃ ဦးအား မြောင်းမြဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း မြောင်းမြမြို့မ ရဲစခန်းမှ သိရှိ ရသည်။

ခရီးသည် ၂၁ ဦး လိုက်ပါလာသော ချမ်းမြေ့အေးယာဉ်သည် မြောင်းမြမြို့မ အထွက်ရှိ စစ်တစ်ပင် ရွာနှင့် ကြာဖူးငုံ ရွာအကြား နေရာအရောက်တွင် ၎င်း၏ရှေ့မှ မောင်းနှင်နေသော ဆိုင်ကယ်အား တိမ်းရှောင်ကျော်တက်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ထန်းပင်နှင့် ခြွေလှေ့စက်အား ဝင်တိုက်မိကာ လမ်းဘေးရေမြောင်းအစပ်တွင် တိမ်းမှောက်ခဲ့ကြောင်း ယာဉ်ပေါ်ပါလာသူ ခရီးသည်များထံမှ သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရသူ ၁၃ဦး ကို မြောင်းမြဆေးရုံတွင် ကုသမှု ခံယူလျက်ရှိပြီး အသက်အန္တရာယ် စိုးရိမ်ရန် မရှိကြောင်း မြောင်းမြရဲစခန်းရှိ တာဝန်ကျ ရဲအရာရှိက ဆိုသည်။

မြောင်းမြမြို့ ယာဉ်ထိန်ရဲတပ်ဖွဲ့ တပ်စုမှူး ဒုတိယရဲမှူး လှထွန်းက တရားလိုပြုလုပ်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ ဦးနောင်နောင်ဦး ၃၈ နှစ်အား မြောင်းမြမြို့မ ရဲစခန်းမှ ပြစ်မှုအမှတ် ယာဉ် ပ (၄၈)/၂၀၁၇ ပုဒ်မ ၃၃၇၊ ၃၃၈ ဖြင့် အမှုရေးဖွင့်ကာ အရေးယူ ဆောင်ရွက်ထားသည်။

ဓာတ်ပုံ - ကိုထူး

R12