News

POST TYPE

NEWS

ဧရာဝတီမြစ်ဝှမ်းနှင့် မာရီဒါလင်းမြစ်ဝှမ်းဒေသတို့ မိတ်ဖက်မြစ်ဝှမ်းအဖြစ်ပူးပေါင်း
23-Aug-2016

ရန်ကုန်၊ သြဂုတ် ၂၃


ရေလမ်းကြောင်းယိုယွင်းမှုနှင့် ပတ်ဝန်းကျင်ဂေဟစနစ်ပျက်စီးမှုကိုရင်ဆိုင်နေရသည့် ဧရာဝတီမြစ်ဝှမ်းနှင့် သြစတြေးလျနိုင်ငံရှိ မာရီဒါလင်းမြစ်ဝှမ်းဒေသတို့ မိတ်ဖက်မြစ်ဝှမ်းအဖြစ်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်း များဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။


အဆိုပါမြစ်ဝှမ်းနှစ်ခုမိတ်ဖက်အဖွဲ့အစည်းအဖြစ်ပူးပေါင်းခြင်းဖြင့် ဧရာဝတီမြစ်ဝှမ်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်၏ချေးငွေဖြင့်လက်ရှိဆောင်ရွက်နေသည့် ဧရာဝတီမြစ်ဝှမ်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(AIRBM) တွင် သြစတြေးလျနိုင်ငံက နည်းပညာနှင့် ရန်ပုံငွေအထောက်အကူပေးမည်ဖြစ်ကြောင်း AIRBM Component 1 ၏ Director ဖြစ်သူ ပါမောက္ခဒေါက်တာခင်နီနီသိန်းက ပြောကြားသည်။


မိတ်ဖက်ဖွဲ့လိုက်တဲ့အတွက် ဒီဧရာဝတီမြစ်ဝှမ်းအကြောင်းပြုပြီး ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ချင်တယ်ဆိုရင် သူတို့ဖြတ်သန်းခဲ့တဲ့ အမှားတွေကို ရှောင်နိုင်သွားမယ်”ဟု ၎င်းကဆိုသည်။

ဧရာဝတီမြစ်ဝှမ်းနှင့် မာရီဒါလင်းမြစ်ဝှမ်းနှစ်ခုပူးပေါင်းခြင်းဆိုင်ရာ သဘောတူညီမှုစာချွန်လွှာကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်းက လက်မှတ်ရေးထိုးခဲ့ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။


ဖွံ့ဖြိုးရေးစီမံကိန်းများအလွန်အကျွံဆောင်ရွက်ခြင်းကြောင့် မာရီဒါလင်းမြစ်ဝှမ်းဒေသရှိ မြစ်၊ ချောင်းအစိတ်အပိုင်းအများစုသည် မြစ်ရေခန်းခြောက်ခြင်း၊ ငါးသယံဇာတများလျော့နည်းလာခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ခြင်းဖြစ်ပေါ်လာသည့် အတွက်သုတေသနပြုလေ့လာခဲ့ရာ မြစ်ဝှမ်းဒေသတွင် ရေအသုံးချနိုင်သည့် ပမာဏအကန့်သတ်ရှိသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ယင်းကြောင့်ပြန်လည်တွက်ချက်၍ ထိန်းသိမ်းရေးလုပ်ဆောင်ခဲ့ရသည့်အပေါ် သင်ခန်းစာယူ၍ ဧရာဝတီမြစ်ထိန်းသိမ်းရေးကို ဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါက်တာခင်နီနီသိန်းက ရှင်းပြပြောဆိုသည်။



  • VIA