News

POST TYPE

NEWS

တူရကီနိုင်ငံက ISIS နှင့် ကဒ်(ရှ်) သူပုန်များရှိရာ နေရများသို့ ဗုံးကြဲတိုက်ခိုက်
23-Aug-2016

တူရကီနိုင်ငံသည် အစ္စလာမ်မစ်နိုင်ငံတော် စစ်သွေးကြွများ(ISIS)များတည်ရှိရာ ဆီးရီးယားတောင်ပိုင်းကို သြဂုတ် ၂၂ ရက်(တနင်္လာနေ့)က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။


တူရီကီနိုင်ငံတွင်းမှ လက်နက်ကြီးများဖြင့် အစ္စလာမ်မစ်နိုင်ငံတော် စစ်သွေးကြွများအပြင် ဂျာရာဘလ်(စ်)နှင့် မန်ဘတ်(ဂျ်)မြို့နယ်များမှ ကဒ်(ရှ်) YPG သူပုန်များကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။


တူရကီထောက်ပံ့ထားသည့် ဆီးရီးယားသူပုန် ၁၅၀၀ ခန့်ကလည်း တူရကီဘက်မှ ကူညီပြီးတိုက်ခိုက်ပေးရန် တူရကီနိုင်ငံ ဂါဇီယမ်တပ်မြို့တွင် စောင့်ဆိုင်းလျက်ရှိနေသည်။တူရကီနိုင်ငံတွင် မကြာမီကဖြစ်ပွားခဲ့သော မင်္ဂလာလက်ထပ်ပွဲ၌ အသေခံဗုံးခွဲမှုကြောင့် လူ ၅၀ သေဆုံးပြီး နောက်ပိုင်းတွင် တူရကီအစိုးရက ယခုကဲ့သို့ ဗုံးကျဲကာ ထိုးစစ်များဆင်လာခဲ့ခြင်းဖြစ်သည်။


အစ္စလာ်မစ်စစ်သွေးကြွများကို ဆီးရီးယားတောင်း ပိုင်းတွင် ခိုအောင်းနေခြင်းမှ လုံးဝရှင်းလင်းပစ်သင့်သည်ဟု တူရကီ နိုင်ငံခြားရေးဝန်ကြီး မီ(ဗ်)လတ် ကာဗျူဆိုဂူက ဆိုသည်။

ဆီရီးယားနိုင်ငံရှိ ကဒ်(ရှ်) YPG သူပုန်အင်အားစုများအပါအဝင် တူရကီနိုင်ငံ၏ မဟာမိတ်တို့သည် မန်ဘတ်(ဂျ်) အပါအဝင် ဆီးရီးယားမြို့နယ်များမှ အစ္စလာ်မစ်စစ်သွေးကြများကို မောင်းထုတ်လျက်ရှိနေသည်။


သို့သော် တူရကီအစိုးရ၏ ဗုံးကျဲတိုက်ခိုက်မှုတွင် မန်ဘတ်(ဂျ်)မြို့နယ် မြောက်ပိုင်း ကဒ်(ရှ်) YPG သူပုန် တည်ရှိရာ နေရာများလည်း ပါဝင်သည်။တူရကီသည် YPG သူပုန်များကို တူရကီနိုင်ငံတွင် ၁၉၈၀ ခုနှစ်ကတည်းက ကိုယ်ပိုင်လွတ်လပ်ခွင့်ဒေသ တောင်းဆိုနေသည့် ကဒ်(ရှ်) အလုပ်သမားပါတီ (PKK)၏ အဖွဲ့ခွဲအဖြစ်သာ ရှုမြင်ကြသည်။


အစောပိုင်းထုတ်ပြန်သည့် ကြေညာချက်များအရ တူရကီနိုင်ငံ ဂါဇီယမ်တပ်မြို့ တိုက်ခိုက်ခံမှုတွင် အသေခံဗုံးခွဲတိုက်ခိုက်သူမှာ အသက် ၁၂ နှင့် ၁၄ အရွယ်ဖြစ်သည်ဟု တူရကီဝန်ကြီးချုပ် မစ္စတာ ရယ်ဒီရမ်က ဆိုသည်။တိုက်ခိုက်မှုတွင် သေဆုံးသွားသူ ၅၄ ဦးထဲမှ အများစုသည်လည်း ကလေးငယ်များဖြစ်သည်ဟု မီဒီယာများတွင် ဖော်ပြသည်။


Source: BBC
Photo Credit: AFP



  • VIA