News

POST TYPE

NEWS

ဦးဇခုန်တိန့်ယိန်းနှင့်ပတ်သက်သည့် အယူခံမှုများ ယခုလ အပြီးသတ်အမိန့်ချမည်
23-Aug-2016

မြစ်ကြီးနား၊ ဩဂုတ် ၂၃


ကချင်ပြည်နယ် အထူးဒေသ (၁) ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် မဲဆန္ဒနယ်အမှတ်(၅) မှ ဦးဇခုန်တိန့်ယိန်းနှင့်ပတ်သက်သည့် အယူခံမှုများကို ယခုလကုန်တွင် အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းသည် တရားမဲ့ပြုကျင့်မှုများကြောင့် ရွေးကောက်တင်မြှောက်ခံရခြင်းဖြစ်သည်ဟု စစ်ဆေးချက်ပေါ်လွင်သဖြင့် ဇွန် ၂၄ ရက်က ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းသည့်အပေါ် ကျေနပ်မှုမရှိသဖြင့် ဇူလိုင် ၇ ရက်က အယူခံဝင်ထားသည့်အမှုဖြစ်သည်။


"နေပြည်တော်က UEC (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်)က မျက်နှာစုံလုပ်ပြီးတော့ ချမှတ်မယ်"ဟု ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးထွန်းအောင်ခိုင်က The Voice သို့ ပြောကြားသည်။


ဦးဇခုန်တိန့်ယိန်းနေရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ချီဖွေမြို့နယ် မဲဆန္ဒအမှတ်(၅)မှ ဦးယောနကို ခန့်အပ်ခဲ့သည်။



  • VIA