News

POST TYPE

NEWS

H1N1 တုပ်ကွေးရောဂါ သံသယရှိ လူနာ ၁၃ ဦး တွေ့ရှိ၊ ၁ ဦး သေဆုံး
24-Jul-2017
နေပြည်တော်၊ ဇူလိုင်၂၄

မြန်မာနိုင်ငံတွင် ကမ္ဘာ့လူတုပ်ကွေးရောဂါ Seasonal Influenza A(H1N1) အမျိုးအစား သံသယရှိ လူနာ ၁၃ ဦး စစ်ဆေးတွေ့ရှိပြီး တစ်ဦး သေဆုံးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောကြားသည်။

၎င်းရောဂါနှင့်ပတ်သက်သည့် မီဒီယာများကိုရှင်းလင်းစဉ် ပြောကြားသွားခြင်းဖြစ်သည်။

H1N1 ရောဂါသည် မြန်မာပြည်တွင်၂၀၀၉ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ် အပါအဝင် ရန်ကုန်တိုင်းအတွင်း ဖြစ်ပွားသူဦရေ ၁၃ ဦးရှိပြီး ချင်းပြည်နယ်မှ စတင် သေဆုံးခြင်းဖြစ်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ချင်းပြည်နယ် မတူပီမြို့တွင် H1N1 ရောဂါဖြစ်ကြောင်း သတင်းရလျှင်ရခြင်း သတင်းတုံ့ပြန်အဖွဲ့များ ဖွဲ့စည်း၍ ကာကွယ်ရေး၊ ကုသရေးများကို ဆောင်ရွက်နေကြောင်း သေဆုံးသူသည် မူလက ရောဂါအခံ ရှိ၊ မရှိကို ပြန်လည် သတင်းထုတ်ပြန်ပေးမည်ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက် ကုသမှု ခံယူနေသော လူနာ ၂ ဦးအနက် ဧရာဝတီတိုင်းဒေသကြီး အသုတ်မြို့မှ ဆရာဝန် ဇနီးဖြစ်သူမှာ ဇူလိုင် ၆ ရက်က ရောဂါစတင်ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၁၉ ရက်တွင် ပုသိမ်ဆေးရုံမှတစ်ဆင့် ရန်ကုန်ကို ရောက်ရှိလာသူဖြစ်သည်။

ကျန်တစ်ဦးမှာ အင်းစိန်မြို့နယ်တွင် နေထိုင်ပြီး စားဖိုမှူးအလုပ် လုပ်ကိုင်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသားဖြစ်သည်။ ၎င်းသည် ဇူလိုင် ၁၅ ရက်မှစတင်၍ ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှု ခံယူနေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီးတွင် တက်ရောက် ကုသနေသူတစ်ဦးမှာ ပျဉ်းမနား ရေဆင်းမွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ အသက် ၂၂ နှစ်အရွယ် နောက်ဆုံးနှစ် ကျောင်းသူဖြစ်ပြီး ဇူလိုင် ၈ ရက်က ရောဂါဖြစ်ပွားကာ ဇူလိုင် ၁၃ ရက်တွင် ရန်ကုန်ဆေးရုံသို့ တက်ရောက် ဆေးကုသမှု ခံယူနေကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေတဲ့ လူနာ (၂) ဦး အခြေအနေ သက်သာမှု မရှိသေးသော်လည်း ရန်ကုန် အထွေထွေကု ဆေးရုံသစ်ကြီးတွင် ကုသမှုခံယူနေသည့် လူနာမှာ သက်သာကောင်းမွန်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့သည်။

T.L


  • VIA