News

POST TYPE

NEWS

ချင်းတွင်းမြစ်ရေ ဝင်ရောက်၍ သီးနှံစိုက်ခင်းဧက ၆၀၀ ခန့် ပျက်စီး
ကလေး၊ ဇူလိုင် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် အတွင်းရှိ သီးနှံစိုက်ခင်းများအတွင်း ချင်းတွင်းမြစ်ရေ ဝင်ရောက်ခြင်းကြောင့် စိုက်ပျိုးသီးနှံ ၅၉၅ ဧက ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကနီမြို့ လယ်ယာစိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမြင့်က ပြောကြားသည်။

ဇူလိုင်လ ၁၃ ရက်နေ့အထိ စာရင်းများအရ နှမ်း၊ ပဲတီစိမ်း၊ မြေပဲ၊ နေကြာနှင့် ပဲစင်းငုံ စသည့် စိုက်ခင်းဧကပေါင်း ၅၉၅ ဧက ပျက်စီးခဲ့ပြီး စပါးစိုက်လယ် တစ်ဧကမှာလည်း ပျက်စီးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

ချင်းတွင်းမြစ်ရေ မြင့်တက်သည့် အချိန်သည် တောင်သူများ မျှော်မှန်းထားသည့် ကာလထက် စော၍မြင့်တက်လာပြီး နှမ်းပွင့်သည့်အချိန်နှင့် မြေပဲဥ မစုံသေးသည့်အချိန် ဖြစ်သည့်အတွက် ပျက်စီးခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

R 20
ဓာတ်ပုံ - Win Zaw Khaing