News

POST TYPE

NEWS

မောင်တောရှိ ရခိုင်တိုင်းရင်းသားများ၏ ပညာရေးကို ဦးဝီရသူ တာဝန်ယူမည်
13-Jul-2017 tagged as မဘသ ဦးဝီရသူ

ရန်ကုန်၊ ဇူလိုင် ၁၂

ပြီးခဲ့သည့်နှစ်က အကြမ်းဖက်မှု ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မောင်တောဒေသရှိ နယ်ခြားစောင့် ရဲစခန်းများသို့ ဆရာတော် ဦးဝီရသူ သွားရောက်ခဲ့ပြီး ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ ပညာရေးကို တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဝီရသူ၏  ခရီးစဉ်၌ လိုက်ပါသော မဘသ ဦးဆောင်ဆရာတော်တစ်ပါးက မိန့်သည်။

မန္တလေးတိုင်းဒေသကြီး မဘသအဖွဲ့ ဦးဆောင်ဆရာတော်တစ်ပါး ဖြစ်သော ဦးဝီရသူသည် ဇူလိုင်လ ၁၁ ရက်နေ့၌ ရန်ကုန်မြို့မှ စစ်တွေသို့ လေကြောင်းဖြင့် သွားရောက်ခဲ့ပြီး ယင်းမှတစ်ဆင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောသို့ သွားရောက်လျက်ရှိသည်။

“ဆရာတော် ဦးဝီရသူက လက်ရှိ မောင်တောမြို့ အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့ ရဲစခန်းတွေကို ရောက်နေပါတယ်။ ဒေသခံ ရခိုင်တိုင်းရင်းသားတွေရဲ့ လိုအပ်တဲ့ ထောက်ပံ့မှုတွေကို လှူဒါန်းနေပါတယ်။ ပြီးရင် ဒေသခံ ရခိုင်တိုင်းရင်းသားတွေအတွက် ပညာရေးကို တာဝန်ယူသွားမှာ ဖြစ်တယ်” ဟု မဘသ ဦးဆောင်ဆရာတော်တစ်ပါးက မိန့်သည်။

လက်ရှိအချိန်၌ အကြမ်းဖက် ဖြစ်ပွားခဲ့သော ဒေသမှ ရခိုင်တိုင်းရင်းသား တစ်ထောင်ခန့်၏ ပညာရေးကို မောင်တောမြို့ ပုလဲရတနာ ဆရာတော်က ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဖွင့်၍ ပညာသင်ကြားပေးလျက်ရှိကြောင်း ရခိုင်ပြည်နယ် မဘသ ဆရာတော်များထံမှ သိရသည်။

“ပုလဲဆရာတော်က ရခိုင်တိုင်းရင်းသားတွေရဲ့ ပညာရေးကို တာဝန်ယူနေတယ်။ ဒါကို ထပ်ပံ့ပိုးပြီး ဦးဝီရသူက တာဝန်ယူသွားမှာ ဖြစ်တယ်” ဟုအဆိုပါ ဆရာတော်က ဆက်လက်မိန့်သည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က ရခိုင်ပြည်နယ် မောင်တော်ဒေသရှိ နယ်ခြားစောင့် စခန်းများကို ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့များက တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ လက်နက် ၆၅လက် ဆုံးရှုံးခဲ့ပြီး တပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးခဲ့သည်။

ယင်းကြောင့် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရသည်။

J-07