News

18-Apr-2019
စင်ကာပူ အလုပ်ရှင် လုပ်ခလစာအဖြစ် ပေးလိုက်သော ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ ကိုင်ဆောင်သုံးစွဲမှုဖြင့် ဒိုက်ဦးမြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေရသူ နော်သောသွဲ့ထူးကို ယနေ့ မွန်းလွဲပိုင်းတွင် အမှုမှ တရားရှင် လွတ်ပေးလိုက်သည်ဟု ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။
18-Apr-2019
နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အရ မွန်ပြည်နယ် ပေါင်မြို့ ရင်ငြိမ်းရဲဘက်အကျဉ်းစခန်းမှ ပြန်လွတ်မြောက်လာသူ တစ်ဦးမှာ နောက်တစ်ရက်မကူးခင် ဆိုင်ကယ်ခိုးမှု ထပ်မံကျူးလွန်သဖြင့် ဖမ်းဆီးထားကြောင်း ပဲခူးမြို့နယ်အမှတ် (၂) နယ်မြေရဲစခန်းမှ သိရှိရသည်။
18-Apr-2019
နိုင်ငံတော်သမ္မတ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည်ဆိုသော အကျဉ်းသားပေါင်း ၉၀၀၀ ကျော်ကို စိစစ်ချက်အရ လွတ်မြောက်လာသည့်စာရင်းတွင် နိုင်ငံရေးအကျဉ်းသားဖြစ်သူ ၂ ဦးသာပါဝင်ခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အဖွဲ့က ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။
18-Apr-2019
အာဖရိကနိုင်ငံဖြစ်သည့် အိုင်ဗရီကို့စ်တွင် မြန်မာ့ဆန် တန်ချိန် ၁၈,၀၀၀ ဖျက်ဆီးခဲ့ခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) အနေဖြင့် အချက်အလက်ပြည့်စုံစွာ စုံစမ်းဖော်ထုတ်၍ သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးထင်ဇော်လှိုင်က ပြောကြားသည်။
18-Apr-2019
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် ဧပြီလ ၁၇ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်က လေပြင်း တိုက်ခိုက်သဖြင့် ယင်းမြို့နယ်ရှိ ကျေးရွာ ၁၁ ရွာမှ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း အပါအဝင် နေအိမ်အဆောက်အအုံ ၁၀၀ ကျော် ပျက်စီးဆုံးရှုံးကြောင်း ယင်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။
18-Apr-2019
ပြင်သစ် အစိုးရအာဏာပိုင်များသည် မီးလောင်ကျွမ်းပျက်စီးသွားခဲ့သော နော်တာဒိမ်း ဘုရားရှိခိုးကျောင်းကို အမြန်ဆုံး ပြန်လည် တည်ဆောက်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ဒီဇိုင်းပြိုင်ပွဲတစ်ရပ် ကျင်းပရန် စီစဉ်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
18-Apr-2019
အိုင်ဗရီကို့စ် အစိုးရအာဏာပိုင်များသည် ၎င်းတို့နိုင်ငံသို့ တင်သွင်းရောက်ရှိလာသည့် မြန်မာ့ဆန်တန်ချိန် ၁၈,၀၀၀ ကို အန္တရာယ်ရှိသော စားသောက်ကုန်စာရင်းတွင် ထည့်သွင်း၍ ဖျက်ဆီးပစ်လိုက်ပြီဖြစ်ကြောင်း Africanews က ဖော်ပြထားသည်။
17-Apr-2019
ဧရာဝတီတိုင်းအတွင်းရှိ အကျဉ်းထောင်များနှင့် အကျဉ်းစခန်းမှ အပြစ်ဒဏ်ကျခံနေရသူ အမျိုးသား အမျိုးသမီး ၁၆၆ ဦးသည် မြန်မာနှစ်သစ် မင်္ဂလာအထိမ်းအမှတ်အဖြစ် ရာဇ၀တ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ အပိုဒ်ခွဲ (၁) အရ နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်း သက်သာခွင့်ဖြင့် ဧပြီလ ၁၇ ရက်နေ့ နေလယ်ပိုင်းက လွှတ်ပေးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး အကျဉ်းဦးစီးဌာနမှ သိရသည်။
17-Apr-2019
ဆူဒန်အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင်များသည် ဖမ်းဆီးထိန်းသိမ်းထားသော သမ္မတဟောင်း အယ်လ်ဘာရှားကို နိုင်ငံ၏လုံခြုံရေး အတင်းကျပ်ဆုံး အကျဉ်းထောင်ဖြစ်သည့် ကိုဘားထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။
17-Apr-2019
အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပနေသော နိုင်ငံလုံးဆိုင်ရာ အထွေထွေ ရွေးကောက်ပွဲတွင် အစောပိုင်း မဲရေတွက်မှုများအရ လက်ရှိသမ္မတ ၀ီဒိုဒို အနိုင်ရရန် အခြေအနေ ကောင်းမွန်နေပြီး အပြီးသတ် မဲရလဒ်များကို လာမည့်မေလသို့ ရောက်မှသာ ထုတ်ပြန်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မတီက အသိပေးထားသည်ဟု BBC က ဖော်ပြထားသည်။
17-Apr-2019
နိုင်ငံတော် သမ္မတက ပေးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ကြသည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်နှင့် ရဲဘက်စခန်းတို့မှ အကျဉ်းသူ အကျဉ်းသား ၁၂၁၁ ဦးတို့တွင် နှစ်ပေါင်းနှစ်ဆယ်နီးပါး အကျဉ်းကျနေကြသည့် မုန်းကိုးကာကွယ်ရေးတပ် (MDA) မှ မရမ်ဂန်းနှင့် အယ်ဇော်လှတို့ပါဝင်လာခဲ့သည်။
17-Apr-2019
ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် သင်္ကြန်ကာလ ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ယာဉ်မတော်တဆမှု အကြိမ် ၂၀ ဖြစ်ပွားခဲ့ပြီး လေးဦးသေဆုံးခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။
17-Apr-2019
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၉ အနီး၌ ယနေ့ မွန်းလွဲ ၁၂ နာရီ၂၀ မိနစ်ခန့်က အိမ်စီးယာဉ်တစ်စီးမီးလောင် ပျက်စီးခဲ့သည်ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်သည်။
17-Apr-2019
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ မိတ္ထီလာအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား (၅၆) ဦးကို နိုင်ငံတော်သမ္မတရုံး၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် ယနေ့ (ဧပြီလ ၁၇ ရက်) နံနက် ၁၀နာရီခွဲအချိန်မှစတင်၍ ပြန်လွှတ်ပေးခဲ့ကြောင်း မိတ္ထီလာမြို့နယ် အကျဉ်းဦးစီးဌာနမှ စုံစမ်းသိရှိရသည်။
17-Apr-2019
မအူပင်ခရိုင် မအူပင်မြို့ ပေါ်တော်မူ ပိုက်တန်းမြစ်ကမ်းစပ်တွင် ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့ မွန်းလွဲပိုင်းက ရေဆင်းကူးရင်း ပျောက်ဆုံးခဲ့သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဧပြီလ ၁၇ ရက် နံနက်ပိုင်းတွင် သေဆုံးလျက်ပြန်တွေ့ခဲ့ကြောင်း မအူပင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။