News

POST TYPE

NEWS INFO

OPPO F3 စမတ်ဖုန်းသစ်တွင် Double View Group Selfie Camera ကို အသုံးပြုပေးထားမည်
28-Apr-2017 tagged as oppo

မိုဘိုင်းဖုန်းကင်မရာပိုင်း တီထွင်ဆန်းသစ်မှုတွင် မှတ်တိုင်ကောင်းများ စိုက်ထူလျက် ရှိသည့် OPPO အနေဖြင့် နောက်ထပ် ထုတ်ကုန်ကောင်းတစ်ခု ဖြစ်သည့် OPPO F3 ကို မေလ ၄ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Melia Yangon Hotel တွင် မိတ်ဆက်ပေးသွားမည် ဖြစ်သည်။

အသစ်မိတ်ဆက်ပေးမည့် F3 မှာ OPPO က ယခု ၂၀၁၇ နှစ်ဦးပိုင်းတွင် မိတ်ဆက်ပေးထားသည့် F3 Plus ထုတ်ကုန်၏ နောက်ထပ် အခွဲ version တစ်ခု ဖြစ်လာမည် ဖြစ်သည်။ OPPO အနေဖြင့် ထူးခြားဆန်းသစ်သည့် Dual Selfie Camera နည်းပညာကို F3 Series ထုတ်ကုန်များတွင် စတင်မိတ်ဆက်ပေးခဲ့သည့် နည်းတူ F3 ထုတ်ကုန်သစ်တွင်လည်း ယခင် F3 Plus ကဲ့သို့ပင် Selfie တစ်ခေတ်ကို နောက်ထပ်အသွင်ပုံစံသစ်ဖြင့် မှတ်တမ်းတင်သွားစေမည့် Dual Sefie Camera နည်းပညာကို လက်ဆင့်ကမ်း ရယူအသုံးပြုသွားမည် ဖြစ်သည်။

F3 မှာ အရွယ်အစား အနည်းငယ် ပိုသေးသော Full HD 5.5-inch မျက်နှာပြင်ကို အသုံးပြုထားမည်ဖြစ်သည်။ F3 တွင် Double View Group Selfie ပုံများကို အကောင်းဆုံး ရိုက်ကူးပေးနိုင်စေခြင်းကြောင့်လက်ရှိတွင် လူကြိုက်များ တောင်းဆိုနေကြသည့် အဖွဲ့လိုက် Group Selfie ပုံများကို စိတ်တိုင်းကျရိုက်ကူး နိုင်စေသလို ပုံမြင်ကွင်ထက် ၂ ဆ ပိုမိုကျယ်ဝန်းသည့် မြင်ကွင်းများကိုပါ ထည့်သွင်းရိုက်ကူးနိုင်စေမည် ဖြစ်သည်။

ထို့အပြင် F3 တွင်ပါရှိသည့် Selfie Panorama စနစ်မှာလည်း ပုံမှန်ဓာတ်ပုံ ၃ ပုံကို ပြီးပြည့်စုံသော မြင်ကွင်းကျယ်ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲရယူပေးမည် ဖြစ်သည့်အတွက် ပါတီပွဲတွင် တက်ရောက်ကြသည့် မိတ်ဆွေသူငယ်ချင်းများ အားလုံးကို ရိုက်ကူးလိုက်သည့် ဓာတ်ပုံတစ်ပုံတည်းမှာပင် ပါဝင်နိုင်စေရန် အထောက်အပံ့ပေးနိုင်မည် ဖြစ်သည်။

F3 ကို ပါးလွှာပေါ့ပါးသည့် သတ္ထုကိုယ်ထည်ဖြင့် ဖန်တီးတည်ဆောက်ပေးထားခြင်းကြောင့် ငယ်ရွယ်ပြီး ဖက်ရှင်ကျမှုကိုပါ ပေးစွမ်းနိုင်မည် ဖြစ်သည်။