News

POST TYPE

NEWS INFO

သံရုံးတာဝန်ရှိသူများနှင့် မေးမြန်းနိုင်သည့် သြစတြေးလျနိုင်ငံ ပညာရေးပြပွဲ ကျင်းပမည်
19-Mar-2017 tagged as ၾသစေၾတးလ်

သြစတြေးလျနိုင်ငံ ပညာရေးပြပွဲ Study in Australia Education Expo 2017 ကို မတ်လ ၂၈ ရက်တွင် ရန်ကုန်မြို့ Sule Shangril-La Hotel (Konbaung Tagaung Room) ၌ နေ့လယ် ၁ နာရီမှ ၄ နာရီအတွင်း ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

အဆိုပါပွဲတွင် Australia Awards 2017-2018 Scholaships များအကြောင်း၊ သြစတြေးလျနိုင်ငံ၌ ပညာသင်ကြားနေစဉ် နိုင်ငံတကာ ကျောင်းသား/ကျောင်းသူတစ်ဦး ရရှိနိုင်မည့် အခွင့်အရေးများအပြင် ကျောင်းပြီးလျှင် ရရှိနိုင်မည့် အခွင့်အရေးများအကြောင်းကို ဆွေးနွေးမည်ဖြစ်သည်။

ယင်းကိစ္စများကို သြစတြေးလျသံရုံးမှ တာဝန်ရှိသူများနှင့် ကိုယ်တိုင်လာရောက် မေးမြန်းနိုင်မည် ဖြစ်သည့်အတွက် စိတ်ပါဝင်စားသူများ အနေနှင့် http://bridgeblueglobal.com/regform/myanmar/ စာရင်းပေးသွင်းနိုင်မည် ဖြစ်သည်။

လူကိုယ်တိုင် လာရောက်စုံစမ်းလိုပါက Bridge Blue Myanmar အမှတ် ၇၃၊ ဒုတိယထပ်၊ မပိုလမ်းနှင့် မြေနီကုန်းဈေးထောင့်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း01- 527168, 09-452 777 507 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ၎င်းတို့ထံမှသိရသည်။