News

POST TYPE

NEWS INFO

ဩစေၾတးလ် ဆားငန်အိုင်ရေတွေ ရုတ်တရက် ပန်းရောင်ပြောင်း
12-Mar-2017 tagged as ၾသစေၾတးလ်


ဩစတြေးလျနိုင်ငံ ဝိတိုရိယ ပြည်နယ်က ပန်းဥယျာဉ်ဆိုင်ရာ အရာရှိတွေက နာမည်ကြီး ဥယျာဉ်တစ်ခုထဲက ဆားငန်ရေအိုင်ကို မထိကြသေးဖို့ ဧည့်သည်တွေကို သတိပေးထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီရေအိုင်ထဲက ရေတွေဟာ ပန်းရောင် ပြောင်းသွားလို့ပဲ ဖြစ်ပါတယ်။

မဲလ်ဘုန်းမြို့ ဝက်စ်ဂိတ် ပန်းခြံထဲမှာရှိတဲ့ ဆားငန်အိုင်ထဲက ရေတွေဟာ ပန်းရောင်ကို ပြောင်းသွားတာဟာ ရေထဲမှာ ဆားပမာဏ အလွန် မြင့်တက်လာပြီး၊ နေပူခြင်း၊ မိုးမရွာခြင်းတို့ကြောင့် ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

“ရေကန်အောက်က ဆားချိုးတွေပေါ်မှာ ရေညှိတွေ ပေါက်လာခဲ့ပြီး အနီရောင် ဓာတ်တစ်မျိုး ထုတ်လွှတ်ပြီး နေရောင်နဲ့ ထိတွေ့ရာမှာ ခုလို ဖြစ်ရတာပါ”လို့ ဝိတိုရိယ ပန်းခြံရဲ့ Facebook စာမျက်နှာမှာ ပြန်ရှင်းထားပါတယ်။ အဲဒီရေကို သောက်ခြင်း၊ ထိခြင်းတွေ မလုပ်ရဘူးလို့ ဧည့်သည်တွေကို ညွှန်ကြားထားပါတယ်။

“မြင်ကွင်းကို ခံစားပါ၊ ဒါပေမဲ့ ရေကိုတော့ သွားမထိကြပါနဲ့”လို့ ဆိုပါတယ်။

ဆောင်းရာသီမှာ ရေတွေ ပြန်ပြီး အေးသွားတဲ့အခါ အရောင် ပြန်ပြောင်းသွားမယ်လို့ မျှော်လင့်ရတယ်လို့ သူတို့က ပြောကြားထားပါတယ်။ 

F-02