News

POST TYPE

NEWS INFO

စီးပွားရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်မယ့် UBS Accounting Software နဲ့ HRMS Software
28-Feb-2017 tagged as နည်းပညာ

ပြည်တွင်းမှာ လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အသုံးဝင်မယ့် ဆော့ဖ်ဝဲ နှစ်မျိုးကို မိတ်ဆက်ပေးချင် ပါတယ်။ ဒီ ဆော့ဖ်ဝဲတွေကိုတော့ Mastech IT Business Solution System က Authorize Partner အနေနဲ့ ဖြန့်ချီတာပါ။

စီးပွားရေးလုပ်ငန်းတွေအတွက် UBS Accounting Software က စရိတ်သက်သာပြီး အသုံးပြုရလွယ်ကူ ပါတယ်။ အချက်အလက်တွေကို ပြင်ဆင်ဖြည့်စွက်ဖို့အတွက်လည်း အလွယ်တကူလုပ်ဆောင်နိုင်မှာဖြစ်တဲ့အတွက် ကုမ္ပဏီပေါင်း တစ်သိန်းကျော်မှာအသုံးပြုနေပြီး မလေးရှားနိုင်ငံရဲ့ အကောင်းဆုံးနဲ့ ရောင်းအားအကောင်းဆုံး Accounting Software တစ်ခုဖြစ်ပါတယ်။

UBS Acounting Control Features

Profit & Loss နှင့် Balance Sheet တွေမှာ လစဉ် Opening and Closing Stock တွေကို လအလိုက် အလွယ်တကူ စာရင်းညှိနိုင်ပါတယ်။ Multi- Currency, Multi Company, Multi User အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အချက်အလက်များကို ပြင်ဆင်ခြင်း၊ ဖျက်ခြင်းတို့ကို အလွယ်တကူပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလို ပြင်ဆင်တာ၊ ဖျက်တာတွေ ကို ခွင့်ပြုထားတဲ့ User မှလွဲ၍ အခြား User များပြင်တာ၊ ဖျက်တာတွေ မလုပ်နိုင်ဖို့အတွက် ကာကွယ်ပေးမယ့် Locking Facility Security System တွေပါဝင်ပါတယ်။ စာရင်းတွေကိုတော့ အချိန် ၁၈ လ အထိ ထည့်သွင်းထားနိုင်ပါတယ်။

ဒါကြာင့် (18) လမတိုင်ခင် အဆင်ပြေသလို Year End Process လုပ်နိုင်ပါတယ်။ ယခင်လတွေမှာ စာရင်းထည့်သွင်းဖို့ ကျန်ခဲ့တဲ့ အချက်အလက်တွေကိုလည်း အလွယ်တကူ ပြန်လည်ဖြည့်သွင်းပေးနိုင်မှာ ဖြစ်ပါတယ်။ Bank Reconciliation Statement တွေကိုလည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Manufacturing A/C နဲ့ Contra A/C များကို အလွယ်တကူ ရရှိနိုင်မှာဖြစ်ပါတယ်။ Generl Ledger, Profit & Loss & Balance Sheet တွေကို Microsoft Excel, Word, PDF, Image တွေပို့ပေးပြီး လိုအပ်သလို ပြင်ဆင်နိုင်ပါတယ်။ ဒါ့အပြင် User Level Defined တွေကိုလည်း လိုအပ်ချက်အလိုက် သတ်မှတ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

UBS Stock Features

Stock Valuation Method ကို FIFO, Month Average, Moving Average & Fixed Cost စတဲ့ Costing Method လေးမျိုးမှ နှစ်သက်ရာတစ်မျိုး ရွေးချယ်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Negative Stock Level လိုအပ်ပါက အသုံးပြုနိုင်မှာ ဖြစ်ပြီး Item Grouping Facility တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

Invoice ပုံစံများကိုလည်း လိုအပ်သလို ပြုပြင်ရေးဆွဲပြီး တိုက်ရိုက် Print ထုတ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Good Receipt Note, Invoice, issue, Transfer Note တွေကိုလည်း Print ထုတ်နိုင်မှာဖြစ်ပါတယ်။

Manufacturing ပိုင်းမှာတော့ Bill of Materials, finished goods တွေကိုလည်းထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Voucher No. တွေကိုလည်း Software ရဲ့ စီနီယာနံပါတ်အလိုက် ဖြစ်စေ၊ Manual ဖြစ်စေ နှစ်မျိုးလုံးအသုံးပြုနိုင်ပါတယ်။ Inventory Reports, Purchase Reports, Sale Reports & Balance Reports တွေကို နေ့စဉ်၊ အပါတ်စဉ်၊ လစဉ် အသေးစိတ်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီ စွမ်းဆောင်ချက်တွေကို Multi Company, Multi User, Multi Project, Multi Unit တွေအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Mastech HRMS Software

Mastech HRMS Software မှာတော့ ဝန်ထမ်းတွေရဲ့ အလုပ်ဆင်းရက်၊ ခွင့်၊ လစာနဲ့ခံစားခွင့်၊ Deduction၊ Overtime နဲ့ Personal Data တွေကို အလွယ်တကူကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Report နဲ့ Payroll စာရင်းတွေကိုလည်း အလွယ်တကူ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ သတ်မှတ်ချက်အလိုက် Leave, Overtime payment နဲ့ Allowance တွေကို စိတ်ကြိုက်ပြင်ဆင်နိုင်မှာဖြစ်တဲ့အတွက် HR ဝန်ထမ်းကောင်းတစ်ယောက်ကဲ့သို့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒီ ဆော့ဖ်ဝဲလ်ကို အသုံးပြုမယ့်သူတွေအတွက် ထိရောက်တဲ့ သင်တန်းတွေနဲ့ ကွင်းဆင်းဆောင်ရွက်ပေးမယ့် အကူအညီတွေလည်းရှိပါတယ်။ ဒါ့အပြင် email နဲ့ ဖုန်းကနေလည်း အချိန်အကန့်အသတ်မရှိ ကူညီဝန်ဆောင်မှု များပေးမှာဖြစ်ပါတယ်။ HR Consultant အဖြစ် ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီများကိုလည်း အထူးဈေးနှုန်း၊ ဝန်ဆောင်မှုများနဲ့ Multi Company Software System တွေကို ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။

ဒီဆော့ဖ်ဝဲတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိချင်တယ်ဆိုရင်တော့ Mastech IT Business Solution System, အခန်း ၅၀၂၊ အဆောင် ၁၁ ၊ MICT Park ၊ လှိုင်မြို့နယ်။ ဖုန်းနံပါတ် ၀၁-၂၃၀၅၁၇၅၊ ၀၉၉၇၇၉၀၉၆၃၃ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။