News

POST TYPE

NEWS INFO

Ford ကားကုမ္ပဏီက Gold Sponsor အဖြစ် ပံ့ပိုးကူညီခဲ့သော မန္တလေးနှစ်သစ်ကူးည Golden Night ဖျော်ဖြေပွဲတွင် နာမည်ကျော် အနုပညာရှင်များ ပါဝင်ဖျော်ဖြေ
04-Jan-2017 tagged as



မန္တလေးမြို့မှာ ဒီဇင်ဘာ၊ ၃၁ ရက်နေ့ ညတုန်းက ၂၀၁၇ နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ ကမ္ဘာကျော် Ford ကားကုမ္ပဏီက Gold Sponsor အဖြစ် ပံ့ပိုးကူညီ ကျင်းပခဲ့တဲ့ Golden Night ဖျော်ဖြေပွဲကို နာမည်ကျော် အနုပညာရှင်တွေ တက်ရောက် ဖျော်ဖြေသွားခဲ့ပါတယ်။

အဆိုပါ Golden Night နှစ်သစ်ကူး ည ဖျော်ဖြေပွဲကို မန္တလေးမြို့ရှိ ဟိုတယ်ရွှေပြည်သာမှာ ကျင်းပသွားခဲ့တာပါ။

ဒီဖျော်ဖြေပွဲမှာ နာမည်ကျော် အမျိုးသား တေးသံရှင်တွေဖြစ်တဲ့ R ဇာနည်၊ လင်းလင်း နဲ့ နာမည်ကျော် အမျိုးသမီး တေးသံရှင်တွေဖြစ်တဲ့ ဝိုင်းစုခိုင်သိန်း၊ နီနီခင်ဇော်တို့က ဖျော်ဖြေသွားခဲ့ကာ အစီအစဉ် တင်ဆက်သူအဖြစ် ဆန်းထွဋ်က တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။

ဖျော်ဖြေပွဲအတွင်းမှာ ဟိုတယ်ရွှေပြည်သာကနေပြီး Gold Sponsor အဖြစ်ပံ့ပိုးခဲ့တဲ့ Ford ကားကုမ္ပဏီ အပါအဝင် အခြား ပူးပေါင်းပါဝင် ပံ့ပိုးခဲ့တဲ့ ကုမ္ပဏီတွေကို ဂုဏ်ပြုလက်ဆောင် ပန်းစည်းတွေ ပေးအပ်ခဲ့ပြီး Partner Sponsor ကုမ္ပဏီတွေ၊ Gold Sponsor ၊ Silver Sponsor နဲ့ Co- Sponsor တွေအဖြစ် ပံ့ပိုးကူညီခဲ့တဲ့ ကုမ္ပဏီတွေကို အထူး ကျေးဇူးတင်ရှိကြောင်း ဟိုတယ်ရွှေပြည်သာရဲ့ Regional Director ဒေါ်ဖြူဖြူခိုင်က ပြောကြားသွားခဲ့ပါတယ်။

  • TAGS