News

POST TYPE

NEWS INFO

အများပြည်သူ အားလပ်ရက် ကာလမှာ ကုန်ကျစရိတ် သက်သာစွာနဲ့ ခရီးသွားနိုင်ဖို့ အဲအေးရှားက အထူးပရိုမိုးရှင်း ပြုလုပ်
11-Nov-2016 tagged as အဲအေးရှား

ရုံးပိတ်ရက်တွေများတဲ့ ကာလလည်းဖြစ်၊ အပန်းဖြေ ခရီးသွားကြတဲ့ ရာသီလည်းဖြစ်တဲ့ နိုဝင်ဘာလကနေ ဧပြီလအတွင်းမှာ ကုန်ကျစရိတ် သက်သာစွာနဲ့ ပြည်ပခရီးသွားနိုင်စေမယ့် ပရိုမိုးရှင်းတစ်ရပ်ကို အဲအေးရှားက ပြုလုပ်ခဲ့ပါတယ်။

ဒီပရိုမိုးရှင်းမှာ ရန်ကုန်နဲ့ မန္တလေးကနေ ဘန်ကောက်၊ ပီနန်းနဲ့ ကွာလာလမ်ပူတို့ကို လေယာဉ်လက်မှတ်ခ အမေရိကန်ဒေါ်လာ ၃၉ ဒေါ်လာသာ ကျသင့်မယ့်အထိ သက်သာတဲ့ ဈေးနှုန်းတွေ ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် ချင်းမိုင်၊ ဖူးခက်၊ ကရာဘီ၊ မီရီ၊ မနီလာ စတဲ့ တခြားနေရာတွေကိုလည်း ၇၇ ဒေါ်လာကနေ စတင်တဲ့ အထူးဈေးနှုန်းတွေအဖြစ် လျှော့ချပေးခဲ့ပါသေးတယ်။

နိုဝင်ဘာလ ၆ ရက်နေ့ မတိုင်ခင် မှာယူခဲ့တဲ့သူတွေအတွက် ဈေးနှုန်းလျှော့ချပေးခဲ့တဲ့ ဒီ The Holiday are calling ပရိုမိုးရှင်းအတွက် ထိုင်ခုံနေရာတွေကတော့ အကန့်အသတ်ရှိမှာ ဖြစ်တယ်လို့ အဲအေးရှားက ကြေညာထားပါတယ်။

ဒီပရိုမိုးရှင်းနဲ့ လက်မှတ်ဝယ်ယူခဲ့သူတွေအတွက် ခရီးသွားခွင့် ကာလကတော့ ယခုနိုဝင်ဘာလကနေ ဧပြီလ ၃၀ ရက်နေ့ထိပဲ ဖြစ်ပါတယ်။