News

POST TYPE

NEWS INFO

4G ကွန်ရက်ကို အထောက်အပံ့ ပေးမယ့် စမတ်ဖုန်းသစ် OPPO A 37
12-Jul-2016 tagged as စမတ်ဖုန်း oppo

4G ကွန်ရက်ကို အထောက်အပံ့ ပေးမယ့် စမတ်ဖုန်းသစ် OPPO A 37


၂ဝ၁၆ ဇွန်လမှာ ကမ္ဘာ့ဈေးကွက်ကို စတင် မိတ်ဆက်ခဲ့တဲ့ OPPO A 37 ကို ဒီတစ်ပတ် ဖော်ပြဖို့ ရွေးချယ်ထားပါတယ်။ ဒီဖုန်းက 4G ကွန်ရက်ကို အထောက်အပံ့ ပေးတာမို့ ပြည်တွင်းက အော်ပရေတာတွေ 4G ဝန်ဆောင်မှု စတင်ပေးနေတဲ့ အချိန်နဲ့ အံကိုက်ပါပဲ။ ဒါ့အပြင် ပရိုမိုးရှင်း အစီအစဉ်တွေလည်း ပါဝင်တာမို့ ဒီဖုန်းရဲ့ အသေးစိတ် စွမ်းဆောင်ရည်တွေနဲ့ ပရိုမိုးရှင်း အစီအစဉ်တွေကို ကြည့်ရအောင်ပါ။

မျက်နှာပြင် အရွယ်အစားနဲ့ အရည်အသွေး

မျက်နှာပြင် အရွယ်အစား ၅ လက်မ ရှိပါတယ်။ ကိုင်ဆောင်ရတာ သက်သောင့်သက်သာ ရှိစေတဲ့ အရွယ်အစားပါ။ မျက်နှာပြင် အရည်အသွေးက 720 x 1280 pixels ရှိပါတယ်။ ပုံရိပ် သိပ်သည်းဆက 294 ppi ရှိပါတယ်။ IPS LCD မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ မျက်နှာပြင် ထိခိုက်မှုကို ကာကွယ်ဖို့အတွက် Corning Gorilla Glass 4 ကို အသုံးပြုထားပါတယ်။ Color OS 3.0 ကို ထည့်သွင်း အသုံးပြုထားပါတယ်။

ကင်မရာ စွမ်းဆောင်ရည်

ကင်မရာ အရည်အသွေးက 8 MP ရှိပါတယ်။ ရှေ့ကင်မရာ အရည်အသွေးက 5 MP ပါ။ Geo-tagging, touch focus, face detection, panorama စတဲ့ ကင်မရာ စွမ်းဆောင်ချက်တွေ ပါဝင်ပါတယ်။ Auto-focus, LED Flash စတဲ့ စွမ်းဆောင်ချက်တွေလည်း ပါဝင်ပါတယ်။ အရည်အသွေးမြင့် ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။

ဘက်ထရီ အရည်အသွေး

ဘက်ထရီ အရည်အသွေးက Li-Ion 2630 mAh ရှိပါတယ်။ တစ်ရက်တာ အသုံးပြုမှုအတွက် လုံလောက်တဲ့ ပမာဏ ဖြစ်ပါတယ်။ ဘက်ထရီကိုတော့ ဖြုတ်လို့ရမှာ မဟုတ်ပါဘူး။ ဘက်ထရီ စွမ်းဆောင်ရည်ပိုင်းမှာလည်း ကျေနပ်ဖွယ်ပါ။

အခြားစွမ်းဆောင်ရည်များ

OS ကို Android ဗားရှင်း 5.1 (Lollipop) ကို အသုံးပြုထားပါတယ်။ CPU က Quad-core 1.2 GHz Cortex-A53 ကို အသုံးပြုထားပါတယ်။ Snapdragon 410 Chipset ကို အသုံးပြုထားပါတယ်။ ဖုန်းအတွင်း သိုမှီးနိုင်မှုက 16 GB ရှိပါတယ်။ ဖုန်းအတွင်း သိုမှီးနိုင်မှုကို 256 GB အထိ မြှင့်တင် အသုံးပြုနိုင်ပါတယ်။ RAM က 2GB ဖြစ်ပါတယ်။ Accelerometer, Proximity, Compass စတဲ့ အာရုံခံ စနစ်တွေ ပါဝင်ပါတယ်။

ပရိုမိုးရှင်း အစီအစဉ် အနေနဲ့ ဇူလိုင်လ ၁ ရက်ကနေ သြဂုတ်လ ၁၅ ရက်အတွင်း ဝယ်ယူသူတွေအတွက် Selfie Stick အပါအဝင် လက်ဆောင် ၃ မျိုး ရရှိနိုင်မယ့်အပြင် အပို ဆောင်းလက်ဆောင်အဖြစ် 32 GB SD Card ကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အူရီဒူး ဆင်းမ်ကတ် တစ်ကတ် လက်ဆောင် ထည့်သွင်းပေးထားမှာဖြစ်ပြီး ယင်းကတ်အတွင်း 4 GB ပမာဏရှိတဲ့ 4G Plus အင်တာနက် ဒေတာ အသုံးပြုခွင့် ပါဝင်မှာ ဖြစ်ပါတယ်။

ဈေးနှုန်း အနေနဲ့ ကျပ် ၂၂၉,ဝဝဝ သတ်မှတ်ထားပါတယ်။ အရောင်အနေနဲ့ ရွှေရောင်နဲ့ Rose Gold နှစ်ရောင် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ပေးရတဲ့ ဈေးနှုန်းအပေါ်မှာ ထိုက်တန်တဲ့ အရည်အသွေးနဲ့ စွမ်းဆောင်ချက်တွေ ပါဝင်တဲ့ ဖုန်းဖြစ်တဲ့အတွက် ဒီတစ်ပတ်အတွက် ရွေးချယ်ဖော်ပြ ပေးလိုက်ပါတယ်။