News

16-Jul-2020
မြန်မာနိုင်ငံ၏အထင်ကရဘုရားတစ်ဆူဖြစ်သည့် မန္တလေးမဟာမုနိရုပ်ရှင်တော်မြတ်ကို ဘုရားဖူးများ ပြန်လည်ဖူးမြောခွင့်ပြုရန် မန္တလေးတိုင်း အစိုးရအဖွဲ့ထံတင်ပြထားကြောင်း မဟာမုနိဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
16-Jul-2020
ကျန်းမာပျော်ရွှင်ပညာသင် ကြိုတင်တားဆီး COVID-19 ပညာပေး စံပြဆုရကျောင်းအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမပင်မြို့နယ်မှ အထက-ကျောက်မှော်က ပထမဆုရရှိသွားကြောင်း အခြေခံပညာ ဦးစီးဌာနက ကြေညာသည်။
16-Jul-2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပ အစီအစဉ်) အရ ရလဒ်အခြေပြုဘဏ္ဍာငွေ ထောက်ပံ့ပေးရေးစီမံကိန်း ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။
16-Jul-2020
ပို့ကုန်ရငွေအားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိငွေစာရင်းသို့ နိုင်ငံခြားသုံးငွေထည့်သွင်းရမည့်အချက်များအပါအဝင် နိုင်ငံခြားငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထပ်မံကြေညာသည်။
16-Jul-2020
မြန်မာနိုင်ငံရှိ e-Commerce ဖွံဖြိုးတိုးတက်ရေးကို အချိန်တိုအတွင်း ဆောင်ရွက်နိုင်ရေးအတွက် e-Commerce (Online Shop) စီးပွားရေးလုပ်ငန်းများ အွန်လိုင်းမှ စာရင်းပေးသွင်းဆောင်ရွက်မည့် အစီအစဉ်နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။
16-Jul-2020
မုံရွာမြို့ နန္ဒဝန်ရပ်ကွက် မေတ္တာလမ်းနှင့် ဂေါ်သဇင်လမ်းကြားရှိ စီမံကိန်းပိုလျှံ မြေဧကတစ်ရာကျော်ကို မြို့နယ်မြေစာရင်းဌာနနှင့် စည်ပင်သာယာအဖွဲ့က ဇူလိုင်လ ၁၅ ရက်နေ့နံနက်ပိုင်းက လာရောက် တိုင်းတာခဲ့ရာ မူလတောင်သူများက သဘောမတူသဖြင့် နှစ်ဖက်အချေအတင်ဖြစ်ခဲ့ကြသည်။
16-Jul-2020
ကရင်ပြည်နယ်၊ မြ၀တီမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ လောင်းကစားရုံတစ်ရုံကို ဇူလိုင် ၁၄ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ပြီး တရုတ်နိုင်ငံသား လေးဦးအပါအဝင် စုစုပေါင်း ၁၈ ဦးကို လောင်းကစားပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
16-Jul-2020
မန်စီးတီးအသင်း ပြစ်ဒဏ်လွတ်မြောက်ခဲ့ခြင်းမှာ ဘောလုံးလောကအတွက် ကောင်းမွန်ခြင်းမရှိသည့် နေ့စွဲတစ်ခုဖြစ်ကြောင်း လီဗာပူးနည်းပြ ကလော့ပ်က ပြစ်တင်ခဲ့သည်ဟု Dailymail က ဖော်ပြခဲ့သည်။
16-Jul-2020
မန်စီးတီးအသင်းအပေါ် ချမှတ်ထားသည့် ယူအီးအက်ဖ်အေ၏ပြစ်ဒဏ်ကို နိုင်ငံတကာ အားကစားခုံရုံးက ပယ်ဖျက် လိုက်ခြင်းသည် ဘဏ္ဍာရေးသာတူညီမျှ စည်းမျဉ်းကို အဆုံးသတ်လိုက်ခြင်းဖြစ်သည်ဟု စပါးနည်းပြ မော်ရင်ညိုက ဝေဖန်လိုက်ကြောင်း Dailymail က ဖော်ပြခဲ့သည်။
16-Jul-2020
COVID-19 ကြောင့် ရပ်နားထား သော ၂၀၂၀ MNL အမှတ်ပေးပြိုင်ပွဲကို လာမည့် ဩဂုတ်လပထမပတ်အတွင်း ပြန်လည်ကျင်းပနိုင်ရန် ပြင်ဆင်ကြိုးပမ်းနေကြောင်း မြန်မာလိဂ်ကောမတီမှတာဝန်ရှိ သူတစ်ဦးက ပြောသည်။
16-Jul-2020
မြန်မာကြက်တောင်မယ် သက်ထားသူဇာသည် COVID-19 ရောဂါကြောင့် ယခုနှစ်အတွင်း ပြိုင်ပွဲများယှဉ်ပြိုင်ရန် မသေချာတော့ပဲ တိုကျိုအိုလံပစ်ဝင်ခွင့်အတွက် လက်ရည်စစ်ပွဲကာလဖြစ်သည့် ၂၀၂၁ နှစ်ဆန်းပိုင်းမှသာ ပြိုင်ပွဲများစတင် ယှဉ်ပြိုင်ဖွယ်ရှိသည်။
16-Jul-2020
အိန္ဒိယနိုင်ငံတွင် ယခင်ကပြုလုပ်ထားခဲ့သော ပိတ်ဆို့ထိန်းချုပ်မှု Lockdowns ကို ပြန်ဖြည်ခဲ့ပြီးနောက် ကူးစက်မှုနှုန်းမြင့်တက်နေသည့် နေရာဒေသများတွင် နောက်တစ်ကြိမ် အတိုင်းအတာတစ်ခုအထိ ပြန်လည်ပိတ်ဆို့ ထိန်း ချုပ်ရပြန်ပြီဟု Aljazeera သတင်းတစ်ရပ်က ဖော်ပြထားသည်။
16-Jul-2020
တရုတ်၏ လုံခြုံရေးဥပဒေအရ ဟောင်ကောင်၏သတင်းစာလွတ်လပ်ခွင့် အာမခံချက်မရှိတော့သည်ဖြစ်ရာ The New York Times သတင်းစာသည် ၎င်း၏ဟောင်ကောင်ရုံးဝန်ထမ်းများကို တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့သို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း ကြေညာ ထားသည်။
16-Jul-2020
၇၃ နှစ်ပြည့် အာဇာနည်နေ့အခမ်းအနားကို မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌ Social Distancing နှင့်အညီ အချိန်အကန့်အသတ်ဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးဦးစိုင်းပန်းဆိုင်က ပြောကြားသည်။
16-Jul-2020
ကညန(မြင်သာ)ရုံးတွင် ယာဉ်ပိုင်ရှင် အမည်ပေါက်ပြောင်းလဲရာတွင် မှတ်ပုံတင်အတုများဖြင့် လာရောက်ဆောင်ရွက်သူနှစ်ဦးကို တရားစွဲဆိုကာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းမြင့်က The Voice Daily သို့ပြောကြားသည်။ ယခုလက်ရှိ ကညနရုံးတွင် ယာဉ်ပိုင်ရှင် အမည်ပေါက်ပြောင်းလဲဆောင်ရွက်သူများ၏ မှတ်ပုံတင်များကို အထူးကြပ်မတ်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး သံသယဖြစ်ဖွယ်မှတ်ပုံတင်များကို တွေ့ရှိပါက လ၀ကသို့ပို့ဆောင်ကာ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆိုသည်။